• Follow Us on

Home ပလက္ဝဆိပ္ခံတံတားစီမံကိန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ အိႏိၵယႏုိင္ငံသားမ်ားကုိ AA ဖမ္းဆီး၊ ဝန္ထမ္း မ်ားပုိင္ဆုိင္သည့္ က်ပ္ေငြ သိန္း(၅၀)ကုိ AA ယူေဆာင္

ပလက္ဝဆိပ္ခံတံတားစီမံကိန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ အိႏိၵယႏုိင္ငံသားမ်ားကုိ AA ဖမ္းဆီး၊ ဝန္ထမ္း မ်ားပုိင္ဆုိင္သည့္ က်ပ္ေငြ သိန္း(၅၀)ကုိ AA ယူေဆာင္

Share this post

ရန္ကုန္၊ မတ္ – ၂၃

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕၊ ပလက္ဝဆိပ္ခံတံတားစီမံကိန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ အိႏိၵယႏုိင္ငံသားမ်ား ကုိ AA မွ ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီး ၎တုိ႔ပုိင္ဆုိင္သည့္ က်ပ္ေငြ သိန္း(၅၀)ကုိ AA ယူေဆာင္သြားခဲ့တယ္လို႔ ပလက္ဝအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက အတည္ျပဳေျပာဆုိပါတယ္။

ျဖစ္စဥ္မွာ မတ္ ၂၂ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ခန္႔တြင္ ပလက္ဝဆိပ္ခံတံတား၌ တာဝန္ ထမ္းေဆာင္ေနသည့္ အိႏၵိယႏုိင္ငံသား(၁၅)ဦးကုိ AA အဖြဲ႕မွ ဖမ္းဆီး ေခၚေဆာင္ခဲ့ၿပီးေနာက္ ဝန္ထမ္းမ်ားပုိင္ဆုိင္သည့္ ေငြက်ပ္သိန္း(၅၀)ႏွင့္ ပစၥည္းအခ်ဳိ႕ကုိ AA အဖြဲ႕က မတရား ယူေဆာင္သြားခဲ့တယ္လုိ႔ ၿမိဳ႕နယ္လုံၿခံဳေရးအဖြဲ႕မ်ားက ေျပာပါတယ္။

ဖမ္းဆီးခံရသူမ်ားကုိ စီမံကိန္းအနီးရွိ ေက်းရြာတစ္ရြာ၌ ဖမ္းဆီးထားၿပီးေနာက္ ၂၃ ရက္ေန႔ နံနက္ပုိင္း၌ ျပန္ လႊတ္ေပးခဲ့တာျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံသားမ်ားကုိ AA က ျပန္လႊတ္ေပးလုိက္ေသာ္လည္း ဝန္ထမ္းမ်ား ပုိင္ဆုိင္သည့္ ေငြကုိ ျပန္လည္ေပးအပ္ျခင္းမရွိဘဲ ၎တုိ႔ ယူေဆာင္သြားေၾကာင္း လုံၿခံဳေရးအဖြဲ႕မ်ားက ေျပာပါတယ္။

အဆုိပါသတင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ခ်င္ျပည္နယ္အစုိးရအဖြဲ႕ႏွင့္ ဆက္သြယ္လွ်က္ရွိၿပီး ဆက္သြယ္မႈရရွိလွ်င္ ဆက္လက္ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ ပလက္ဝဆိပ္ခံတံတားစီမံကိန္း၌ တာဝန္ထမ္းေဆာင္ေနသည့္ အိႏၵိယ ႏုိင္ငံသားမ်ားသည္ အိႏၵိယ-ျမန္မာအစုိးရ၏ သေဘာတူခြင့္ျပဳခ်က္ျဖင့္ တာဝန္ထမ္းေဆာင္ေနၾကသူမ်ားျဖစ္ၿပီး ၎တုိ႔၏ လုံၿခံဳေရးအတြက္ ျမန္မာႏုိင္ငံအစုိး၌ တာဝန္အျပည့္အဝရွိေၾကာင္း သံမွဴး(ၿငိိမ္း)တစ္ဦးက ေျပာပါ တယ္။

Photo – ခူမီးမီဒီယာ

#PeopleMedia #AA #ပလက္ဝ

(Unicode)
ပလက်ဝဆိပ်ခံတံတားစီမံကိန်း၌ တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံသားများကို AA ဖမ်းဆီး၊ ဝန်ထမ်း များပိုင်ဆိုင်သည့် ကျပ်ငွေ သိန်း(၅၀)ကို AA ယူဆောင်
………………………………………………………

ရန်ကုန်၊ မတ် – ၂၃

ချင်းပြည်နယ် ပလက်ဝမြို့၊ ပလက်ဝဆိပ်ခံတံတားစီမံကိန်း၌ တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံသားများ ကို AA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ပိုင်ဆိုင်သည့် ကျပ်ငွေ သိန်း(၅၀)ကို AA ယူဆောင်သွားခဲ့တယ်လို့ ပလက်ဝအုပ်ချုပ်ရေးအဖွဲ့များက အတည်ပြုပြောဆိုပါတယ်။

ဖြစ်စဉ်မှာ မတ် ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ပလက်ဝဆိပ်ခံတံတား၌ တာဝန် ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံသား(၁၅)ဦးကို AA အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီးနောက် ဝန်ထမ်းများပိုင်ဆိုင်သည့် ငွေကျပ်သိန်း(၅၀)နှင့် ပစ္စည်းအချို့ကို AA အဖွဲ့က မတရား ယူဆောင်သွားခဲ့တယ်လို့ မြို့နယ်လုံခြုံရေးအဖွဲ့များက ပြောပါတယ်။

ဖမ်းဆီးခံရသူများကို စီမံကိန်းအနီးရှိ ကျေးရွာတစ်ရွာ၌ ဖမ်းဆီးထားပြီးနောက် ၂၃ ရက်နေ့ နံနက်ပိုင်း၌ ပြန် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားများကို AA က ပြန်လွှတ်ပေးလိုက်သော်လည်း ဝန်ထမ်းများ ပိုင်ဆိုင်သည့် ငွေကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့ ယူဆောင်သွားကြောင်း လုံခြုံရေးအဖွဲ့များက ပြောပါတယ်။

အဆိုပါသတင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်လျှက်ရှိပြီး ဆက်သွယ်မှုရရှိလျှင် ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပလက်ဝဆိပ်ခံတံတားစီမံကိန်း၌ တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယ နိုင်ငံသားများသည် အိန္ဒိယ-မြန်မာအစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ၎င်းတို့၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံအစိုး၌ တာဝန်အပြည့်အဝရှိကြောင်း သံမှူး(ငြိမ်း)တစ်ဦးက ပြောပါ တယ်။

Photo – ခူမီးမီဒီယာ

#PeopleMedia #AA #ပလက်ဝ


Share this post