• Follow Us on

Home ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လစာနှစ်ဆ ခံစားခွင့်ရရှိ

ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လစာနှစ်ဆ ခံစားခွင့်ရရှိ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၄ (People Media)
 
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အစိုးရဝန်ထမ်းအားလုံးကို လစာနှစ်ဆ ခံစားခွင့်ပေးထားကြောင်း
ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လော့ဟာကပြောသည်။
 
ပလက်ဝမြို့နယ်တွင် အစိုးရဝန်ထမ်းအားလုံးကို လစာနှစ်ဆ ခံစားခွင့်ပေးမှုကို ပြည်ထောင်စုအစိုးရမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
 
“ပလက်ဝမြိုနယ်က အစိုးရဝန်ထမ်းတွေကို လစာနှစ်ဆခံစားခွင့်ပေးထားပါတယ်။ ပလက်ဝမြို့နယ်မှာ ခြုံလုံရေးအခြေအနေအရ သွားလို့လာလို့မကောင်းဘူး။ ဈေးနှုန်းတွေကလဲ လေးငါးဆတက်တော့ မပေးရင်လဲမရတဲ့အနေအထားဖြစ်နေတယ်။ အဓိကတော့ တိုက်ပွဲနေမြေဖြစ်လို့ပါ။ အခုလိုလစာနှစ်ဆ ခံစားခွင့်ပေးတော့အတိုင်းမသိဝမ်းသာပါတယ်”ဟု ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လော့ဟာ က ပြောသည်။
 
လစာနှစ်ဆ ခံစားခွင့်သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစ၍ မတ်လအထိ ပလက်ဝမြို့နယ်တွင် အစိုးရဝန်ထမ်းအားလုံးကို ခံစားခွင့်ပြုထားခြင်းဖြစ်သည်။
 
ပလက်ဝမြို့နယ်တွင်စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိပြီး စိမ့်စမ်း၊ မီးဇာ၊ ဆမီးနှင့် ပလက်ဝမြို့ပေါ်တွင်ပြောင်းရွှေ့နေထိုင်ကြသည်။
 
ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံရေးအခက်အခဲများကြောင့် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများအား ဈေးအဆမတန်ရှိကြောင်း ဒေသခံ၏ပြောပြချက်အရ သိရသည်။
 
သတင်း – သူရိယထက်
 
ဓာတ်ပုံ – ပလက်ဝပြန်ဆက်
 
#PeopleMedia #ပလက်ဝ #ပညာရေး
 
(unicode)

Share this post