• Follow Us on

Home ပလက်ဝမြို့နယ် ဒု-ရဲအုပ်တစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ယနေ့ ဖမ်းဆီးခေါ်ဆောင်


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၎





#PeopleMedia #Police

(unicode)
ပလက်ဝမြို့နယ် ဒု-ရဲအုပ်တစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ ယနေ့ ဖမ်းဆီးခေါ်ဆောင်
………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ဒု-ရဲအုပ်တစ်ဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)မှ ယနေ့ဖမ်းဆီးခေါ် ဆောင်သွားသည်။

“ယနေ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာ။ အသေးစိတ်တော့ မသိရသေးဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် PeopleMedia မှ တပ်မတော်အပါအဝင် အခြားသော လုံခြုံရေးအဖွဲ့များကို ထပ်မံအတည်ပြုရန် ကြိုးစားလျက်ရှိသည်။

အလားတူ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် NLD ပါတီမှ ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် နိုင်ငံဝန်ထမ်းများကို ဖမ်းဆီးလျှက်ရှိပြီး စစ်မှုထမ်းဟောင်းများကို အကြမ်းဖက်မှု ကျူးလွန်လျှက်ရှိ သည်။

#PeopleMedia #Police


Share this post