• Follow Us on

Home ပလက္ဝၿမိဳ႕အတြင္းသို႔ AA အဖြဲ႔က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ျမန္မာ့စီးပြားေရးဘဏ္မွဝန္ထမ္း မ်ားႏွင့္ မိသားစုဝင္မ်ား ေသဆုံး၊ ဒဏ္ရာရေၾကာင္း တပ္မေတာ္ ထုတ္ျပန္

ပလက္ဝၿမိဳ႕အတြင္းသို႔ AA အဖြဲ႔က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ျမန္မာ့စီးပြားေရးဘဏ္မွဝန္ထမ္း မ်ားႏွင့္ မိသားစုဝင္မ်ား ေသဆုံး၊ ဒဏ္ရာရေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ရန္ကုန္၊ ဧၿပီ-၂၃

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕အတြင္းသို႔ ယေန႔ညေနပိုင္းတြင္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ျဖင့္ အေၾကာင္းမဲ့ ေႏွာင့္ယွက္ ပစ္ခတ္မႈေၾကာင့္ ၿမိဳ႕တြင္းရွိျမန္မာ့စီးပြားေရးဘဏ္အနီး က်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ဘဏ္ဝန္ထမ္းမ်ားႏွင့္ မိသားစုဝင္မ်ား ေသဆုံး၊ ဒဏ္ရာရရွိခဲ့သည္။

ျဖစ္စဥ္မွာ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားသည္ ပလက္ဝၿမိဳ႕၏အေနာက္ဘက္ မီတာ ၆၀၀ ခန႔္အကြာရွိ ၿမိဳ႕ဦးေစတီကုန္း အနီးတစ္ဝိုက္မွ ယေန႔ညေန ၄ နာရီခန႔္တြင္ ၿမိဳ႕အတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ ေႏွာင့္ယွက္ပစ္ခတ္ခဲ့ ေၾကာင္း၊ ထိုသို႔ပစ္ခတ္မႈေၾကာင့္ ၎င္းတို႔ပစ္ခတ္လိုက္သည့္ လက္နက္ႀကီးက်ည္သည္ ပလက္ဝၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္၏ အေနာက္ဘက္ ၅ ေပခန႔္အကြာေနရာသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး ဘဏ္ဝန္ထမ္းမ်ားျဖစ္သည့္ ဦးေက်ာ္စြာထိုက္(ေငြကိုင္)၏ ဇနီး ေဒၚေအးသႏၲာ၊ အသက္ ၂၅ ႏွစ္၊ သမီးျဖစ္သူ မလဲ့လဲ့၊ အသက္ ၄ ႏွစ္ႏွင့္ ဦးသိန္းႏိုင္ (ညေစာင့္)၏သား ေမာင္လူေအး၊ အသက္ ၂၂ ႏွစ္တို႔ ေသဆုံးခဲ့ၿပီး ဦးလွသိန္းေမာင္ (ႀကီးၾကပ္ေရးမႉး)၊ အသက္ ၅၂ ႏွစ္ႏွင့္ ဦးေလာဟာတင့္ (ဒုတိယႀကီးၾကပ္ေရးမႉး)၊ အသက္ ၄၅ ႏွစ္တို႔ ၂ ဦးမွာ ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ပလက္ဝၿမိဳ႕၏ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ပိတ္ဆို႔ထားၿပီး ဥပေဒမဲ့အၾကမ္းဖက္လုပ္ရပ္မ်ားကို ေဆာင္႐ြက္လ်က္ရွိရာမွ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ လုံၿခဳံေရးလုပ္ငန္းမ်ားကို ေန႔ည မျပတ္ေဆာင္႐ြက္ခဲ့မႈေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ၎င္းတို႔အဖြဲ႕အထိနာဆုံးရႈံးမႈမ်ားလာျခင္း၊ ေဒသခံျပည္သူလူထုအေနျဖင့္လည္း ၎တို႔ အဖြဲ႕၏ ဥပေဒမဲ့ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ႐ြံရွာစက္ဆုပ္လာၿပီး ၎တို႔အား ေထာက္ခံအားေပးမႈ နည္းပါးလာျခင္းေၾကာင့္ ယခုကဲ့သို႔ အျပစ္မဲ့ျပည္သူမ်ား ေနထိုင္ရာ ၿမိဳ႕၊ ႐ြာမ်ားအတြင္းသို႔ လူမဆန္စြာ လက္နက္ႀကီးမ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္ခဲ့ၿပီး ျပည္နယ္အတြင္း မတည္ၿငိမ္မႈမ်ားျမင့္တက္လာေစရန္ ရည္႐ြယ္ခ်က္ရွိရွိေဆာင္႐ြက္ ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ပလက်ဝမြို့အတွင်းသို့ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်မှဝန်ထမ်း များနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရကြောင်း တပ်မတော် ထုတ်ပြန်
…………………………………………………………………………………..

ရန်ကုန်၊ ဧပြီ-၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့အတွင်းသို့ ယနေ့ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်မှုကြောင့် မြို့တွင်းရှိမြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက် သောင်းကျန်းသူများသည် ပလက်ဝမြို့၏အနောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ မြို့ဦးစေတီကုန်း အနီးတစ်ဝိုက်မှ ယနေ့ညနေ ၄ နာရီခန့်တွင် မြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ၎င်းင်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပလက်ဝမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၏ အနောက်ဘက် ၅ ပေခန့်အကွာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘဏ်ဝန်ထမ်းများဖြစ်သည့် ဦးကျော်စွာထိုက်(ငွေကိုင်)၏ ဇနီး ဒေါ်အေးသန္တာ၊ အသက် ၂၅ နှစ်၊ သမီးဖြစ်သူ မလဲ့လဲ့၊ အသက် ၄ နှစ်နှင့် ဦးသိန်းနိုင် (ညစောင့်)၏သား မောင်လူအေး၊ အသက် ၂၂ နှစ်တို့ သေဆုံးခဲ့ပြီး ဦးလှသိန်းမောင် (ကြီးကြပ်ရေးမှူး)၊ အသက် ၅၂ နှစ်နှင့် ဦးလောဟာတင့် (ဒုတိယကြီးကြပ်ရေးမှူး)၊ အသက် ၄၅ နှစ်တို့ ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပလက်ဝမြို့၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားပြီး ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာမှ တပ်မတော်စစ်ကြောင်းများအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို နေ့ည မပြတ်ဆောင်ရွက်ခဲ့မှုကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းင်းတို့အဖွဲ့အထိနာဆုံးရှုံးမှုများလာခြင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း ၎င်းတို့ အဖွဲ့၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာစက်ဆုပ်လာပြီး ၎င်းတို့အား ထောက်ခံအားပေးမှု နည်းပါးလာခြင်းကြောင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လူမဆန်စွာ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး ပြည်နယ်အတွင်း မတည်ငြိမ်မှုများမြင့်တက်လာစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post