• Follow Us on

Home ပါကစ္စတန်ကို ရေငုပ်သင်္ဘောရောင်းချရာတွင် အဂတိလိုက်စားမှုဖြင့် ပြင်သစ်ဝန်ကြီးချုပ် ဟောင်း ဘလက်ဂျူတရားရင်ဆိုင်ရဖွယ်ရှိနေ

ပါကစ္စတန်ကို ရေငုပ်သင်္ဘောရောင်းချရာတွင် အဂတိလိုက်စားမှုဖြင့် ပြင်သစ်ဝန်ကြီးချုပ် ဟောင်း ဘလက်ဂျူတရားရင်ဆိုင်ရဖွယ်ရှိနေ

Share this post

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း အီဒူးဝါး ဘလက်ဂျူနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတစ်ဦးတို့ဟာ ပါကစ္စတန်နဲ့ ရေငုပ်သင်္ဘောအရောင်းအ၀ယ် သဘောတူညီချက်မှာ အဂတိလိုက်စားမှုနဲ့ တရား ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်ကို ၁၉၉၀ ခုနှစ်ထဲမှာပြုလုပ်ခဲ့တာဖြစ်ပြီး လျှို့ဝှက်သဘောတူညီချက်တွေ ရှိခဲ့တယ်လို့သတင်းထွက်ပေါ်နေပါတယ်။ အဲဒီသဘောတူညီချက်မှာ ဘလက်ဂျူက လာဘ်ငွေရရှိယူခဲ့တယ်လို့ ဆိုပါတယ်။ ဘလက်ဂျူအပြင် ကာကွယ်ရေးဝန်ကြီးဟောင်း ဖရန်ဆော့ လီယိုတာဟာလည်း အမှုတွဲထဲပါနေလို့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

နှစ်ယောက်လုံးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားကြပါတယ်။ ၂၀၀၂ ခုနှစ်က ကရာချီမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအတွင်း ပြင်သစ် အင်ဂျင်နီယာ ၁၁ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ သမ္မတ အေဇေ့ ရှီဟိုက်က လျှို့ဝှက်လက်နက်အရောင်းအ၀ယ်သဘောတူညီချက်အရ ငွေပေးချေမှု ကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တာကြောင့် ဂလက်စားချေတာလို့လည်း သိရပါတယ်။

ဘလက်ဂျူဟာ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ပါကစ္စတန်ကို ရေငုပ်သင်္ဘောသုံးစင်းရောင်းချရာမှာ ကြားခံပွဲစားကို ကော်မရှင်ပေးဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုလို အတည်ပြုပေးတဲ့အတွက် တစ်ဘက်က ဘလက်ဂျူရဲ့ သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရန်ပုံငွေပြန်ထောက်ပံ့ပေး ဖို့ သဘောတူညီထားတယ်လို့သိရပါတယ်။

အဂတိငွေတန်ဖိုးဟာ ကာလပေါက်ဈေးအရ ပေါင် ၁.၈ သန်းဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဘလက်ဂျူဟာ ပြင်သစ်ဝန်ကြီးချုပ်အဖြစ် ၁၉၉၃ ခုနှစ်က ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Ref; ABC


Share this post