• Follow Us on

Home ပါကစ္စတန်က မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု ချိတ်ဆက်

ပါကစ္စတန်က မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု ချိတ်ဆက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၉ (People Media)

 

ပါကစ္စတန်ထိပ်တန်းစစ်ဘက်အရာရှိများပါဝင်သောအဖွဲ့တစ်ဖွဲ့သည် လွန်ခဲ့သည့်သီတင်းပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ခေတ်မီလက်နက်ဆိုင်ရာနည်းပညာများအကြောင်း၊ လေယာဉ်ထိန်းသိမ်းပြုပြင်ရေးနှင့် ရေတပ်လက်နက်များအကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

အလားတူပင် မြန်မာရဲအရာရှိရှစ်ဦးပါဝင်သောကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဗုံးများအကြောင်းနှင့် ဗုံးရှင်းခြင်း သင်တန်းများတက်ရောက်ရန် ယခုလအတွင်းပါကစ္စတန်နိုင်ငံ ကရာချိမြို့သို့သွားရောက်မည်ဖြစ်ကြောင်း ဧရာ ဝတီသတင်းဌာန၏ဖော်ပြချက်အရသိရသည်။  မြန်မာနိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ JF-17 ဘက်စုံသုံး တိုက် လေယာဉ်များဝယ်ယူခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ JF-17  တတိယမျိုးဆက်တိုက်လေယာဉ်များကို JF-17 ထံမှ ထုတ်လုပ်ခွင့်ရယူ၍ ပြည်တွင်း၌ထုတ်လုပ်သွားရန် စေ့စပ်ညှိနှိုင်းလျက်ရှိကြောင်း ဧရာဝတီသတင်း ဖော်ပြချက်အရသိရသည်။ JF-17 ဘက်စုံသုံး တိုက်လေယာဉ်ကို ပါကစ္စတန်နှင့်တရုတ် ပူးတွဲထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာမူဆလင် ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အရေးအခင်းဖြစ်ပွားပြီးကတည်းက မြန်မာနှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးမှာ တင်းမာလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် ပါကစ္စတန်ရှိ မြန်မာသံရုံးသည် လုံခြုံရေးမြှင့်တင်ရန်အတွက် မြန်မာကျပ်ငွေသန်းပေါင်းများစွာအသုံးပြု ခဲ့ကြောင်း ဧရာဝတီသတင်းဌာနကပြောသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားခရိုင်တွင် ရိုဟင်ဂျာ ၄၀ ဦးအားစစ်သင်တန်းများပေးရန်ပါကစ္စတန်ထောက်လှမ်းရေးကစီစဉ်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်အခြေပြုလှုပ်ရှားနေသော ARSA အကြမ်းဖက်အုပ်စုသည် ဘင်္ဂလား ဒေ့ရှ်အခြေစိုက်အကြမ်းဖက်အဖွဲ့များ၊ ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိနေ ကြောင်း သိရသည်။ တရုတ်နိုင်ငံက ၎င်းနိုင်ငံ၏အထူးသံတမန် ဆန်ဂူဝိုးရှောင်ကို မကြာသေးခင်က မြန်မာနိုင်ငံ သို့စေလွှတ်ခဲ့သည်။ ဆန်ဂူဝိုးရှောင်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည်။ ပါကစ္စတန်အစိုးရသည် တရုတ်အစိုးရကဲ့သို့ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဆန်းစစ် လေ့လာအကဲခတ်လျက်ရှိပြီး မြန်မာ့တပ်မတော်အနေဖြင့်အချိန်ကာလအတိုင်းအတာတစ်ခုအထိ နိုင်ငံတော် အာဏာကိုထိန်းသိမ်းဆုပ်ကိုင်ထားဦးမည်ဟု မျှော်လင့်ထားသည်။

 

ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ရှည်လျားခိုင်မာသည့်ဆက်ဆံရေးရှိသည်ဖြစ်ရာ ပါကစ္စတန်နိုင်ငံအနေဖြင့် (မြန်မာနိုင်ငံအတွက်) အဆင့်နိမ့်စစ်သင်တန်းများနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သွားရန် ကမ်းလှမ်းလာ ဖွယ်ရာရှိသည်။ (JF-17 ဘက်စုံသုံးတိုက်လေယာဉ်များ) ပြုပြင်ထိန်းသိမ်းမှုနှင့် ဆက်စပ်ပစ္စည်းများမှာ တရုတ် နိုင်ငံတွင်ထုတ်လုပ်ခြင်းဖြစ်သည်။

 

Ref: Pakistan links defense relations with Myanmar in the eyes of China

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 

Ref: Pakistan links defense relations with Myanmar in the eyes of China

 

#PeopleMedia


Share this post