• Follow Us on

Home ပါကစ္စတန်တပ်မတော်တွင်း ဆူပူအုံကြွအောင် လှုံ့ဆော်မှုဖြင့် အငြိမ်းစားဗိုလ်မှူးချုပ်သားကို ထောင်ဒဏ်ချမှတ်

ပါကစ္စတန်တပ်မတော်တွင်း ဆူပူအုံကြွအောင် လှုံ့ဆော်မှုဖြင့် အငြိမ်းစားဗိုလ်မှူးချုပ်သားကို ထောင်ဒဏ်ချမှတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၀ (People Media)

 

ပါကစ္စတန်တပ်မတော်အတွင်း ဆူပူအုံကြွအောင်လှုံ့ဆော်မှုဖြင့် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦး၏ သားဖြစ်သူကို ပါကစ္စတန်စစ်တရားရုံးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

 

ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်သော ဟက်ဆန်အက်စ်ကာရီဆိုသူသည် ပါကစ္စတန်တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးကာမာဂျာဗက်ဘာဂျဝါ စစ်မှုထမ်းသက်တမ်းတိုးခြင်းကို ဝေဖန်ထားပြီး ဗိုလ်ချုပ်ကြီးကာမာဂျာဗက် ဘာဂျဝါ တပ်မတော်မှနုတ်ထွက်ရန်တောင်းဆိုထားသည့် စာတစ်စောင်ရေးသားပေးပို့ခဲ့ကြောင်း BBC သတင်း ဌာန အူရဒူဘာသာအစီအစဉ်ဖြင့်ထုတ်လွှင့်သည့် ဝက်ဘ်ဆိုက်တွင်ဖော်ပြခဲ့သည်။

 

အငြိမ်းစားဗိုလ်မှူးချုပ်အာရ်မက်ဒီအက်စ်ကာရီ၏ သားဖြစ်သူ ဟက်ဆန်အက်စ်ကာရီအား ဗိုလ်ချုပ်ကြီးကာမာ ဂျာဗက်ဘာဂျဝါစစ်မှုထမ်းသက် သက်တမ်းတိုးသည်ကိုဝေဖန်ခဲ့သောကြောင့် ပါကစ္စတန်နိုင်ငံ ပြစ်မှုဆိုင်ရာ ဥ ပဒေပုဒ်မ ၁၃၁ အရ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ဟက်ဆန်အက်စ်ကာရီဘက်မှ စစ်တရားရုံးက ခန့်အပ်ထားသော တပ်မတောအရာရှိတစ်ဦးက ခုခံကာကွယ်ပေး ခဲ့သည်။ တရားရုံးထုတ်စစ်ဆေးမှုကို ဇူလိုင်လအတွင်းကပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် အက်စ်ကာရီကို လုံခြုံရေး တင်းကျပ်ထားသည့် ဆာဟီဝေါရှိအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃၁ သည် တပ်မတော်အရာရှိများ နိုင်ငံတော်သစ္စာဖောက်ဖျက်ရန် လှုံ့ဆော်မှုနှင့် အကျုံးဝင်သော ပုဒ်မတစ်ခု ဖြစ်သည်။

 

အက်စ်ကာရီသည် ပါကစ္စတန်တပ်မတော်ထိပ်တန်းခေါင်းဆောင်နှင့် ထိပ်တန်းအရာရှိများကို ဝေဖန်လိုက်ပြီး ပြင်ပရန်သူများ၏စေခိုင်းချက်အရ ပါကစ္စတန်တပ်မတော်တွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခဲ့ ကြောင်း ပထမသတင်းပေးတိုင်ကြားချက်တွင် ဖော်ပြထားသည်။

 

ဆာဟီဝေါ အကျဉ်းထောင်၌ သားဖြစ်သူနှင့်သွားရောက်တွေ့ဆုံရာတွင် အခက်အခဲမျိုးစုံတွေ့ရသည့်အတွက် သားဖြစ်သူအား ရာဝါပင်ဒီမြို့ှရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးနိုင်ရေး အက်စ်ကာရီ၏ဖခင်ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ်အာရ်မက်ဒီအက်စ်ကာရီက လူ့အခွင့်အရေးဖက်ဒရယ်ဝန်ကြီးဌာနသို့ အကူအညီတောင်းခဲ့သည်။ အက်စ်ကာရီမိဘများမှာ အသက်ကြီးပြီး နာမကျန်းဖြစ်နေသောကြောင့် ယခုကဲ့သို့ အကူအညီတောင်းခံရခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် ၎င်း၏မိခင်မှာ တစ်ပတ်လျှင် သုံးကြိမ် ကျောက်ကပ်ဆေးကြောနေရသူဖြစ်ကြောင်း သိရသည်။

 

အကျဉ်းထောင်ပြောင်းရွှေ့ပေးနိုင်ရေးအတွက် အကျဉ်းဦးစီးဌာနသို့ မေတ္တာရပ်ခံတင်ပြခဲ့သော်လည်း အကျဉ်းဦး စီးဌာနက တုံ့ပြန်ခြင်းမရှိကြောင်း အငြိမ်းစားဗိုလ်မှူးချုပ်အာရ်မက်ဒီအက်စ်ကာရီကပြောသည်။ ၎င်းအနေဖြင့် သားဖြစ်သူနှင့်တွေ့ဆုံရန် အခက်အခဲများစွာရှိကြောင်း၊ ယခုအချိန်အထိ တစ်ကြိမ်သာတွေ့ဆုံရသေးကြောင်း မက်ဒီအက်စ်ကာရီကပြောသည်။

 

အဆိုပါအမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သီးသန့်စစ်ဆေးရန် ညွှန် ကြားခဲ့သည့် အစ္စလာမ်မာဘတ်တရားလွှတ်တော်တရားရုံးကစစ်ဆေးခဲ့သည်။ အရပ်သားတစ်ဦးကို အစ္စလာမ် မာဘတ်တရားလွှတ်တော်တရားရုံးက စစ်တရားရုံးသို့ လွှဲပြောင်းပေးပြီး စစ်တရားရုံးတွင် စစ်ဆေးစီရင်ခွင့်ရှိမရှိ မေးခွန်းထုတ်လျက်ရှိသည်။

 

Ref: General’s son convicted of inciting treason in Army

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: General’s son convicted of inciting treason in Army

 

#PeopleMedia


Share this post