• Follow Us on

Home ပါကစ္စတန်နိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သောဒုံးကျည် အောင်မြင်စွာ စမ်းသပ်

ပါကစ္စတန်နိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သောဒုံးကျည် အောင်မြင်စွာ စမ်းသပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)
 
အာရေဗျပင်လယ်အတွင်းသို့ တာလတ်ဒုံးကျည်တစ်စင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံက ကြေညာလိုက်သည်။
 
ပါကစ္စတန်နိုင်ငံက ၂၀၁၅ ခုနှစ်တွင် ပထမဆုံး ပစ်လွှတ်ခဲ့သည့် ရှာဟင်း ၃ မြေပြင်-မြေပြင်ခွင်းဒုံးကျည် က နျူကလီးယားနှင့် သမားရိုးကျထိပ်ဖူးများ သယ်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၇၅၀ အထိ ရောက်ရှိနိုင်သည်။
 
အဆိုပါဒုံးကျည်က ပါကစ္စတန်နိုင်ငံ၏ပြိုင်ဘက် အိမ်နီးချင်း အိန္ဒိယနိုင်ငံသာမက အရှေ့အလယ်ပိုင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်း သိရသည်။
 
အာရေဗျပင်လယ်အတွင်းသို့ တာလတ်ဒုံးကျည်တစ်စင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါ ကစ္စတန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်များကို ကြီးကြပ်ရသော မဟာဗျူဟာစီမံချက်များဌာန (SPD) အကြီးအ ကဲ အပါအဝင် ပါကစ္စတန်တပ်မတော်က ပြောကြားသည်။
 
တာလတ်ဒုံးကျည်စမ်းသပ်မှုက ပါကစ္စတန်နိုင်ငံ၏ ဟန့်တာရေးစီမံချက် တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ပြောသည်။
 
၁၉၄၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေးရပြီးချိန်နောက်ပိုင်း နျူကလီးယားလက်နက်ပိုင် တောင်အာ ရှနှစ်နိုင်ငံက စစ်ပွဲလေးကြိမ် ဆင်နွှဲခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။
 
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ပိုင်ဆိုင်သည်ဟုဆိုထားသော အငြင်းပွား ကက်ရှ်မီးယားအရေးနှင့်ပတ် သက်၍ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြား တင်းမာမှုများ အခြေအနေဆိုးရွားလာခဲ့သည်။
 
ကိုးကား – ဗွီအိုအေ
 
Ref; Pakistan Announces Successful Test of Nuclear-Capable Ballistic Missile
 
(unicode)
………………………………………………..
 
 
 
 
 
 
 
 
 
 
Ref; Pakistan Announces Successful Test of Nuclear-Capable Ballistic Missile

Share this post