• Follow Us on

Home ပါကစ္စတန်နိုင်ငံ၌ ဘတ်စ်ကားအား ဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်အင်ဂျင်နီယာ ခြောက်ဦးအပါအဝင် ရှစ်ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၌ ဘတ်စ်ကားအား ဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်အင်ဂျင်နီယာ ခြောက်ဦးအပါအဝင် ရှစ်ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၄ (People Media)

 

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဝေးလံခေါင်ဖျားဒေသတစ်ခုတွင် ယနေ့နံနက်ပိုင်းက ဘတ်စ်ကားတစ်စင်းကို ပစ်မှတ်ထားသော ပေါက်ကွဲမှုတစ်ခုကြောင့် တရုတ်နိုင်ငံသားခြောက်ဦးနှင့် ပါကစ္စတန်စစ်သားတစ်ဦး အပါအဝင် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

လမ်းဘေးဗုံးကြောင့် သို့မဟုတ် ဘတ်စ်ကားအတွင်း တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

ပေါက်ကွဲမှုကြောင့် ဘတ်စ်ကားက ချောက်တစ်ခုအတွင်း ထိုးကျခဲ့ပြီး တရုတ်လူမျိုး အင်ဂျင်နီယာတစ်ဦးနှင့် စစ်သားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် စတင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးသမားများ စုဝေးခဲ့ကြောင်း အမည်မဖော်လိုသည့် အစိုးရအကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားခြောက်ဦး၊ စစ်သည်တစ်ဦးနှင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါဘတ်စ်ကားက အထက်ကိုဟီစတန်ဒေသရှိ ဒါဆုဆည် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ တရုတ်လူမျိုး အင်ဂျင်နီယာ ၃၀ ကျော် တင်ဆောင်ခဲ့ကြောင်း ဒေသန္တရအစိုးရအရာရှိတစ်ဦးက ပြောသည်။

 

ဒါဆု ရေအားလျှပ်စစ်စီမံကိန်းက တရုတ်နိုင်ငံအနောက်ပိုင်းနှင့် ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဂွာဒါဒေသကို ချိတ်ဆက်ပေးရန် ရည်ရွယ်သော တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” လက်အောက်ရှိ ဒေါ်လာ ၆၅ ဘီလီယံတန်ကြေးရှိ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

 

ပေါက်ကွဲမှုဖြစ်ပွားရာ ဒါဆုဆည်တည်ဆောက်ရေးလုပ်ငန်းခွင်၌ တရုတ်အင်ဂျင်နီယာများက ပါကစ္စတန် လုပ်သားများနှင့်အတူ လုပ်ကိုင်နေသည်မှာ နှစ်ချီကြာမြင့်ပြီဖြစ်သည်။

 

Ref; Pakistan bus blast kills eight, including six Chinese -sources

 

#PeopleMedia #EPN #international #ပါကစ္စတန်

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 


 

Ref; Pakistan bus blast kills eight, including six Chinese -sources

 

#PeopleMedia #EPN #international #ပါကစ်စတနျ


Share this post