• Follow Us on

Home ပါကစ္စတန်နဲ့ တရုတ်မှာ အိန္ဒိယထက်နျူကလီးယားဒုံးကျည်ထိပ်ဖူးတွေ ပို များနေ


Share this post

အစ္စလာမ်မာဘတ်၊ ဇွန် ၂၂







#PeopleMedia

(unicode)
ပါကစ္စတန်နဲ့ တရုတ်မှာ အိန္ဒိယထက်နျူကလီးယားဒုံးကျည်ထိပ်ဖူးတွေ ပို များနေ
…………………………………………………

အစ္စလာမ်မာဘတ်၊ ဇွန် ၂၂

အိန္ဒိယနိုင်ငံမှာ နျူကလီးယားဒုံးကျည်ထိပ်ဖူးအခု ၁၅၀ ပိုင်ဆိုင်ပြီး တရုတ်နိုင်ငံမှာ အခု ၃၂၀ ရှိနေပါတယ်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့ SIPRI က ဇွန် ၁၅ ရက်မှာထုတ်ပြန်တဲ့ အစီရင် ခံစာအရ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံစလုံးဟာ ၂၀၁၉ ခုနှစ်မှာ သူတို့ရဲ့နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမြှင့်တင်ခဲ့ ကြပါတယ်။

ပါကစ္စတန်ကတော့ ပြီးခဲ့တဲ့နှစ်မှာ နျူကလီးယားလက်နက်တွေထည့်မဖြည့်တင်းခဲ့ဘဲ စုစုပေါင်းထိပ်ဖူး ၁၆၀ ရှိ နေပါတယ်။

အစ္စရေးကတော့ နျူကလီးယားထိပ်ဖူး ၁၀ ခု ထပ်ဖြည့်ခဲ့လို့ စုစုပေါင်း အခု ၉၀ ရှိနေပါပြီ။

SIPRI ရဲ့အစီရင်ခံစာအရ ရုရှားဟာ နျူကလီးယားထိပ်ဖူးအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး ၆၃၇၅ ခုရှိသလို အမေရိကန်က ဒုတိယအများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး အခု ၅၈၀၀ ရှိပါတယ်။

Ref : Pakistan, China have more nuclear warheads than India: SIPRI Report

#PeopleMedia


Share this post