• Follow Us on

Home ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီ ၈၂ တန် လေကြောင်းမှ ဆိုက်ရောက်


Share this post







(Unicode)
ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီ ၈၂ တန် လေကြောင်းမှ ဆိုက်ရောက်
………………………………………………………

ပါကစ္စတန်က တင်ပို့လိုက်တဲ့ ကြက်သွန်နီ ၈၂ တန်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါက လေဆိပ်ကို ဆိုက်ရောက်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကြက်သွန်နီပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ လေကြောင်းလိုင်းက တစ်ဆင့် ကြက်သွန်နီတွေ တင်သွင်းနေတယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံက ကြက်သွန်နီတင်ပို့မှုကို တားမြစ်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြက်သွန်နီဈေး နှုန်း စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုနဲ့ မိုးကြီးမှုတွေရင်ဆိုင်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အိန္ဒိယက ကြက်သွန်နီတင်သွင်းမှု ပိတ်ပင်လိုက်ပြီးနောက် ပုံမှန် ကြက်သွန်နီ ၁ ကီလိုဂရမ်ကို ဘင်္ဂလားဒေ့ရှ်ငွေ ၃၀ တာကာကနေ ၂၆၀ တာကာအထိ မြင့်တက်စေခဲ့ပါတယ်။

Ref; https://www.thenews.com.pk/

#PeopleMedia #International


Share this post