• Follow Us on

Home ပါကစ္စတန်အတွက် နည်းပညာမြင့်ဖရီးဂိတ်စစ်ရေယာဉ်များ တရုတ်တည်ဆောက်ပေးနေ


Share this post






(unicode)
ပါကစ္စတန်အတွက် နည်းပညာမြင့်ဖရီးဂိတ်စစ်ရေယာဉ်များ တရုတ်တည်ဆောက်ပေးနေ
………………………………………………………………

တရုတ်နိုင်ငံ၊ ဟူတုံးကျုံးဟွာသင်္ဘောကျင်းမှာ ပါကစ္စတန်ရေတပ်အတွက် Type 054 ဘက်စုံသုံး ဖရီးဂိတ် ရေယာဉ်နှစ်စီးစတင်တည်ဆောက်ခြင်း သံမဏိဖြတ်အခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့ ပါကစ္စတန်ရေတပ်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Type 054AP ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ရေယာဉ် တရုတ်ရေတပ်ရဲ့ နောက်ဆုံးပေါ်နည်းပညာမြင့် ဖရီး ရေယာဉ်အမျိုးအစားဖြစ်ပြီး လက်ရှိပါကစ္စတန်အတွက် တည်ဆောက်ပေးနေတဲ့ ဖရီးဂိတ် ၂ စီးဟာ တရုတ်ရေတပ်ရဲ့ Type 054 ဖရီးဂိတ်ကို အခြေခံပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။

ပါကစ္စတန်ရေတပ်ဟာ တရုတ်နိုင်ငံက Type 054AP ဖရီးဂိတ် ၄ စီးမှာယူထားပြီး နောက်ဆုံး ၂ စီးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က မှာယူခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်ရေယာဉ်တွေဟာ ၂၀၂၁ တစ်ခုနှစ်မှာ တပ်တော်ဝင်မယ်လို့လည်းသိရပါတယ်။

Ref; https://dailytimes.com


Share this post