• Follow Us on

Home ပါကစ္စတန်အပါအဝင် မည်သည့်နိုင်ငံကိုမှ အာဖဂန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ် ကြောင်း တာလီဘန်ပြော

ပါကစ္စတန်အပါအဝင် မည်သည့်နိုင်ငံကိုမှ အာဖဂန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ် ကြောင်း တာလီဘန်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်လာ ၇ (People Media)

 

တာလီဘန်အဖွဲ့အနေဖြင့် ပါကစ္စတန်အပါအဝင် မည်သည့်နိုင်ငံကိုမှ အာဖဂန်ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခွင့်ပြုမည်မဟုတ်ကြောင်း တာလီဘန်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဇဘူလာမူဂျာဟစ်က  သြဂုတ်လ ၆ ရက်နေ့က ပြောလိုက်သည်။

 

လွန်ခဲ့သည့်သီတင်းပတ်က ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဖာ့ဇ်ဟမီး တာလီဘန်ခေါင်းဆောင် မူလာဂါနီဘရာဒါကိုလာရောက်တွေ့ဆုံပြီးနောက် အာဖဂန်ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်မှုဆိုသည့်မေးခွန်းမှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

ဒုတိယဗိုလ်ချုပ်ကြီးဖာ့ဇ်ဟမီးသည် တာလီဘန်များအာဖဂန်နစ္စတန်မြို့တော်ကဘူးကို သိမ်းပိုက်လိုက်ပြီးနောက် အာဖဂန်နစ္စတန်သို့ ပထမဦးဆုံးရောက်ရှိလာသော ပြည်ပနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည်။ ပါကစ္စတန် ထောက်လှမ်းရေးအကြီးအကဲ ကဘူးမြို့တွင် တာလီဘန်ခေါင်းဆောင် မူလာဂါနီဘရာဒါကိုလာရောက်တွေ့ဆုံ ကြောင်း ကဘူးမြို့တွင် တနင်္လာနေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ မူဂျာဟစ်ကပြောသည်။ ပါကစ္စတန် နိုင်ငံကိုပုန်ကုန်မည့်သူများအား အာဖဂန်နစ္စတန်နိုင်ငံပိုင်နက်ကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်းတာလီဘန် များက ပါကစ္စတန်အစိုးရအား အာမခံပြောကြားလိုက်သည်။

 

တာလီဘန်နှင့် ပါကစ္စတန်အစိုးရကြား နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်အတွက် ပါကစ္စတန်ထောက်လှမ်းရေးအ ဖွဲ့အကြီးအကဲ အာဖဂန်နစ္စတန်သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း တာလီဘန်အဖွဲ့က သြဂုတ်လ ၅ ရက်နေ့က ပြောသည်။ တာလီဘန်ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်နှင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စ တန်နယ်စပ် တိုခမ်းနှင့် စပင်းဘိုလ်ဒါ့ခ် ဒေသရှိ နယ်စပ်ဖြတ်ကျော်သူများအရေးဆွေးနွေးရန် ဒုတိယဗိုလ်ချုပ် ကြီးဖာ့ဇ်ဟမီးနှင့် ဆွေးနွေးခဲ့ကြောင်း တာလီဘန်ယဉ်ကျေးမှုကော်မရှင်အဖွဲ့၏ ဒုတိယအကြီးအကဲအာမက်ဒူလာ ဝါစီကပြောသည်။

 

လုံခြုံရေးခြိမ်းခြောက်မှုများကြောင့် ခိုင်ဘာပက်တွန်းခွာပြည်နယ်ရှိ တိုခမ်းမြို့နယ်စပ်ကိုပိတ်လိုက်ပြီနောက် အာ ဖဂန်နစ္စတန်နှင့်ထိစပ်နေသော ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ချာမန်းနယ်စပ်ဂိတ်ကို ပါကစ္စတန်ဘက်ကယာယီ ပိတ်ထားလိုက်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ လွှတ်လိုက်သော အကျဉ်းသားများနှင့်ဆက်နွယ်သည့် လုံခြုံ ရေးဆိုင်ရာစိုးရိမ်မှုများကြောင့် နယ်စပ်ဂိတ်များကို ယာယီပိတ်ထားသည်ဟု ပါကစ္စတန်ဘက်ကပြောကြောင်း မူ ဂျာဟစ်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

 

အာဖဂန်အစိုးရရှိစဉ်ကာလက တနာလီဘန်စစ်သွေးကြွများကို အကူအညီပေးသည်ဟု ပါကစ္စတန်နိုင်ငံကို အာဖဂန်အစိုးရက မကြာခဏစွပ်စွဲခဲ့ရာ ပါကစ္စတန်အစိုးရကစွပ်စွဲချက်အား ငြင်းဆိုခဲ့သည်။

 

Ref: Taliban will not allow any country, including Pakistan, to interfere in Afghanistan’s internal affairs: Spokesman

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 

Ref: Taliban will not allow any country, including Pakistan, to interfere in Afghanistan’s internal affairs: Spokesman

 

#PeopleMedia


Share this post