• Follow Us on

Home ပါကစ္စတန်နိုင်ငံက တရုတ်ထုတ် J-10C ဘက်စုံသုံးတိုက်လေယာဉ် ၂၅ စင်း ဝယ်ယူ

ပါကစ္စတန်နိုင်ငံက တရုတ်ထုတ် J-10C ဘက်စုံသုံးတိုက်လေယာဉ် ၂၅ စင်း ဝယ်ယူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (People Media)

 

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံထုတ် J-10C ဘက်စုံသုံးတိုက်လေယာဉ် ၂၅ စင်း ဝယ်ယူလိုက်ကြောင်း ပါကစ္စ တန်ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ရာရှစ်အာမက်ဒ်က လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားလိုက်သည်။

 

အိန္ဒိယနိုင်ငံက ပြင်သစ်ထံမှ ၂၀၁၆ ခုနှစ်က ဝယ်ယူခဲ့သော ဒက်ဆော့လ်တ်ရာဖေးတိုက်လေယာဉ် ၃၆ စင်းကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် တရုတ်နိုင်ငံ ချန်ဒူးလေယာဉ်ထုတ်လုပ်ရေးကော်ပိုးရေးရှင်းထုတ် ဂျက်တိုက် လေယာဉ်များကို ဝယ်ယူခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 

ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့က J-10C တိုက်လေယာဉ်များအကြောင်း အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမ ရှိသော်လည်း အစောပိုင်းကာလကပြုလုပ်ခဲ့သော  နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် J-10C တိုက်လေယာဉ် များကို တွေ့ခဲ့ရသည်။

 

J-10C တိုက်လေယာဉ်များကို မတ်လအစောပိုင်းတွင် စတင်ပို့ဆောင်သွားနိုင်ဖွယ်ရှိပြီး လေယာဉ်အုပ်တစ်ခုလုံး မတ်လ ၂၃ ရက်နေ့တွင်ကျင်းပမည့် ပါကစ္စတန်စစ်ရေးပြအခမ်းအနား (အမျိုးသားနေ့ ပူးတွဲတပ်များ စစ်ရေးပြ အစီစဉ်) တွင် တက်ရောက်မည်ဟု ခန့်မှန်းထားကြသည်။

 

ပါကစ္စတန်နိုင်ငံက ရုရှားနိုင်ငံထုတ် AL-31F အင်ဂျင်ထက် တရုတ်နိုင်ငံထုတ် WS-10B သို့မဟုတ် WS-10C တာဘိုဖန်အင်ဂျင်တပ်ဆင်ထားသော J-10C ဂျက်တိုက်လေယာဉ်များကို ဝယ်ယူလိုခြင်းဖြစ်သည်။ ပါကစ္စတန် နိုင်ငံက ၎င်းတို့၏ အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်အုပ်ကို အင်အားဖြည့်တင်းရန်အတွက် တရုတ် ထုတ် J-10C တိုက်လေယာဉ်များကို စိတ်ဝင်စားကြောင်း ၂၀၀၆ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ် ထုတ် ဖော်ပြောကြားခဲ့သည်။

 

သို့သော် ဘတ်ဂျက်အခြေအနေနှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းထုတ်လုပ်နေသည့် ဈေးသက်သာသော JF-17 တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် J-10C တိုက်လေယာဉ်များဝယ် ယူရေးအစီအစဉ်မှာ နှောင့်နှေးကြန့်ကြာခဲ့သည်။

 

သို့သော်လည်း JF-17 တိုက်လေယာဉ်အင်ဂျင်ပိုင်းအရည်အသွေးလိုအပ်ချက်ကို ပါကစ္စတန်နိုင်ငံက စိတ်တိုင်း မကျဖြစ်နေ၍ ပြန်လည်ပြင်ဆင်ပေးရန် တရုတ်အစိုးရထံသို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တရုတ်အစိုးရ က ပါကစ္စတန်၏တောင်းဆိုချက်အတိုင်းဆောင်ရွက်မပေးနိုင်ခဲ့ချေ။

 

နေတိုးအဖွဲ့က “မီးငှက်” နှင့် “အားမာန်ပါသောနဂါး” အဖြစ် သိထားကြသည့် J-10C တိုက်လေယာဉ်သည် ရာ သီဥတုမရွေးပျံသန်းနိုင်သော အင်ဂျင်တစ်လုံးတပ် အပေါ့စားဘက်စုံသုံး တိုက်လေယာဉ်ဖြစ်သည်။ ယင်းလေ ယာဉ်ကို လေကြောင်းတိုက်ပွဲဆင်နွှဲရာတွင် အသုံးပြုတိုက်ခိုက်ရန် တရုတ်နိုင်ငံက ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

Ref: Pakistan Buys 25 Chinese J-10C Jets to Counter India’s Rafales

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Pakistan Buys 25 Chinese J-10C Jets to Counter India’s Rafales

 

#PeopleMedia


Share this post