• Follow Us on

Home ပါကစ္စတန်နိုင်ငံဘက်သို့ ဒုံးကျည်မတော်တဆပစ်ခတ်ခဲ့မှု စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိယအစိုးရပြော

ပါကစ္စတန်နိုင်ငံဘက်သို့ ဒုံးကျည်မတော်တဆပစ်ခတ်ခဲ့မှု စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိယအစိုးရပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၂

 

နည်းပညာချွတ်ယွင်းချက်ကြောင့် ဗုဒ္ဓဟူးနေ့ (မတ်လ ၉ ရက်) ညနေပိုင်းက အိန္ဒိယတပ်မတော်က ဒုံးကျည်တစ် စင်း ပါကစ္စတန်နိုင်ငံကို ပစ်လွှတ်ခဲ့မိပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်လို့ အဆင့်မြင့်စုံစမ်းစစ်ဆေးမှုတစ်ခု ချက်ချင်းပြုလုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်စဉ်ကို အိန္ဒိယ အစိုးရက စစ်ဆေးနေတယ်လို့ အိန္ဒိယအစိုးရကပြောပါတယ်။

 

ဒုံးကျည်ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်မိပါကြောင်းနဲ့ ထိခိုက်သေကြေမှုမရှိကြောင်းသိ ရတဲ့အတွက် စိတ်သက်သာရာရခဲ့ပါကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။

 

ပါကစ္စတန်အစိုးရဘက်က ၎င်းတို့ရဲ့လေကြောင်းပိုက်နက်ကို ကျူးကျော်ပြီး ဆူပါဆောနစ်ဒုံးကျည်တစ်စင်း ဝင် ရောက်လာတာနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး တစ်ရက်အ ကြာမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိန္ဒိယဘက်က တရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

 

အဲဒီဒုံးကျည်ဟာ အိန္ဒိယနိုင်ငံ ဟာယာနာပြည်နယ် ဆီဆာမြို့ဘက်ကပစ်ခတ်ခဲ့တာဖြစ်ပြီး ပါကစ္စတန်နိုင်ငံ နယ်စပ်နဲ့ ၁၂၄ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ မီယန်ချန်နီမြို့အနီးက မြေပြင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ဆိုပါတယ်။

 

“ပုံမှန်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်နေစဉ်အတွင်းမှာ နည်းပညာချွတ်ယွင်းမှုတစ်ခုကြောင့် ဒုံးကျည်မတော်တ ဆထွက်သွားတာပါ။ အိန္ဒိအစိုးရက အထူးအလေးထားပြီး စစ်ဆေးနေပါတယ်။ အဆင့်မြင့်စုံစမ်းစစ်ဆေးမှုပြု လုပ်ဖို့လည်း အမိန့်ပေးထားပါတယ်။” လို့ ကြေညာချက်မှာထုတ်ပြန်ခဲ့ပါတယ်။

 

နယ်စပ်ဒေသကိုဖြတ်ကျော်ပြီး ပါကစ္စတန်ဘက်ကိုကျလာတဲ့ ဒုံးကျည်အမျိုးအစားနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဘက်က တရားဝင်ဘာမှမပြောပေမဲ့ အဲဒီဒုံးကျည်ဟာ ပုံမှန်လေ့ကျင့်ရေးအတွက် တပ်ဖြန့်ချထားတဲ့ ဘရာမို့စ်ဒုံး ကျည်ဖြစ်နိုင်တယ်လို့ ပါကစ္စတန်တပ်မတော်က ပြောပါတယ်။

 

Ref: India regrets accidental firing of missile into Pakistan

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 

အဲဒီကိစ်စနဲ့ပတျသကျလို့ အဆင့ျမွင့ျစုံစမျးစဈဆေးမှုတဈခု ခကြျခငြျးပွုလုပျဖို့ ညှှနျကွားထားပွီး ဖွဈစဉျကို အိန်ဒိယ အစိုးရက စဈဆေးနတေယျလို့ အိန်ဒိယအစိုးရကပွောပါတယျ။

 


 


 


 


 


 

Ref: India regrets accidental firing of missile into Pakistan

 

#PeopleMedia


Share this post