• Follow Us on
Latest News

Home ပါကစ္စတန်နိုင်ငံသို့ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများတင်ပို့နေမှု ဒေသတွင်းလုံခြုံရေးအင်အားပြောင်းလဲ မှုအပေါ် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိိယရေတပ်အကြီးအကဲပြောကြား

ပါကစ္စတန်နိုင်ငံသို့ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများတင်ပို့နေမှု ဒေသတွင်းလုံခြုံရေးအင်အားပြောင်းလဲ မှုအပေါ် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိိယရေတပ်အကြီးအကဲပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ (People Media)

 

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံသို့ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများကဲ့သို့ စစ်လက်နက်ပစ္စည်းများ အများ အပြားပေးပို့လျက်ရှိရာ ယင်းလုပ်ရပ်သည် ဒေသတွင်းလုံခြုံရေးအင်အားပြောင်းလဲမှုအပေါ် အကျိုးသက်ရောက် မှုရှိမည်ဖြစ်ကြောင်း အိန္ဒိိယရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးခရမ်ဘီယာဆင်းက နိုဝင်ဘာလ ၂၅ ရက် နေ့က ပြောကြားလိုက်သည်။

 

ယင်းသို့ စစ်လက်နက်ပစ္စည်းများတင်ပို့မှုမြင့်မားလာသည့်အတွက် အိန္ဒိယရေတပ်အနေဖြင့် လိုအပ်သလို ကြို တင်ပြင်ဆင်ထားရမည်ဖြစ်ပြီး ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ကြား ရေတပ်ချင်းပူးပေါင်းဆောင်ရွက်မှုကို အိန္ဒိယ နိုင်ငံက အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးခရမ်ဘီယာဆင်းကပြောသည်။

 

“စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေလို စစ်လက်နက်ပစ္စည်းအမြောက်အမြားကို တရုတ်ကနေ ပါကစ္စတန်ကို ပို့နေပါတယ်။ ဒီလိုလုပ်နေတာဟာ ဒေသတွင်း လုံခြုံရေးအင်အားပြောင်းလဲမှုကို အကျိုးသက်ရောက်စေမှာဖြစ် ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ လိုအပ်သလို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။” ဟု ဗိုလ်ချုပ် ကြီးခရမ်ဘီယာဆင်းကပြောသည်။

 

Scorpene အမျိုးအစား INS Vela ရေငုပ်သင်္ဘော တပ်တော်ဝင်အခမ်းအနားကျင်းပပြီးနောက် သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ယခုလအတွင်း တရုတ်နိုင်ငံက အကြီးမားဆုံးနှင့် ခေတ်အမီဆုံး စစ်သင်္ဘောကို ပါကစ္စတန်နိုင် ငံသို့ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏မေးခွန်းကို ဆင်းကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံပိုင် CSSC ကုမ္ပဏီမှ ပုံစံရေးဆွဲတည်ဆောက်ခဲ့သော ဖရီးဂိတ်စစ်သင်္ဘောကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး Type 054A/P ဖရီးဂိတ်စစ်သင်္ဘောကို PNS Tughril ဟု အမည်ပေးထားသည်။ တရုတ်နိုင် ငံသည် ပါကစ္စတန်နိုင်ငံကို အရေးကြီးသည့်စစ်လက်နက်ပစ္စည်းများထောက်ပံနေသည့် အဓိကကာကွယ်ရေး မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည်။

 

ပါကစ္စတန်နိုင်ငံကို ဆိုးတူကောင်းဘက်မဟာမိတ်နိုင်ငံအဖြစ်သတ်မှတ်ထားသည့်အတွက် တရုတ်နိုင်ငံသည် လတ်တလောနှစ်များအတွင်း အာရစ်ဘီယန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ၎င်း၏တပ်များတည်ရှိနေမှု ကို ထပ်မံတိုးမြှင့်လျက်ရှိသည်။

 

လွန်ခဲ့သည့်နှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးစတင်ကတည်းက အိန္ဒိယနိုင်ငံ၏ သီးသန့်စီးပွားရေးဇုံအတွင်း တရုတ်ရေတပ်က စစ်သင်္ဘောများသော်လည်းကောင်း၊ သုတေသနသင်္ဘောများသော်လည်းကောင်း ဝင်ရောက် လှုပ်ရှားခြင်းမရှိကြောင်း ရေတပ်သတင်းရင်းမြစ်များကပြောသည်။

 

Ref: China’s military hardware export to Pakistan will affect security dynamics, says Navy chief

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: China’s military hardware export to Pakistan will affect security dynamics, says Navy chief

 

#PeopleMedia


Share this post