• Follow Us on

Home ပါကစ္စတန်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် တရုတ်အထူးတပ်ဖွဲ့ဝင်များစေလွှတ်


Share this post





Ref; Global Times


(unicode)
ပါကစ္စတန်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် တရုတ်အထူးတပ်ဖွဲ့ဝင်များစေလွှတ်
……………………………………………………………………………….

တရုတ်စစ်တပ်ဟာ ပါကစ္စတန်နဲ့ တစ်လကြာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် တပ်ဖွဲ့ ဝင်တွေ စေလွှတ်ခဲ့တယ်လို့ Global Times သတင်းစာက ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖော်ပြ ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်ရဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ စနေနေ့မနက်မှာ ပါကစ္စတန်ကို စတင်ထွက်ခွာခဲ့ပြီး Warrior VII အမည်နဲ့ နှစ်နိုင်ငံ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

နှစ်နိုင်ငံ အထူးတပ်ဖွဲ့ဝင်များ အခုလို စစ်ရေးပူးပေါင်းလေ့ကျင့်မှုဟာ ၇ ကြိမ်မြောက်ဖြစ်ပြီး တပ်ဖွဲ့အချင်းချင်း တိုက်ပွဲအတွေ့အကြုံတွေကို မျှဝေသွားမှာဖြစ်တယ်လို့ တရုတ်ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ အခုနှစ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့် မှုတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။

Ref; Global Times

#PeopleMedia #International


Share this post