• Follow Us on

Home ပါကစၥတန္ စစ္အာဏာရွင္ေဟာင္း မူရွာရက္ကို တရား႐ုံးက ေသဒဏ္ ခ်မွတ္

ပါကစၥတန္ စစ္အာဏာရွင္ေဟာင္း မူရွာရက္ကို တရား႐ုံးက ေသဒဏ္ ခ်မွတ္

Share this post

ပါကစၥတန္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးတရား႐ုံးက စစ္အာဏာရွင္ေဟာင္း ပါဗက္ မူရွာရက္ကို ႏုိင္ငံကို သစၥာ ေဖာက္မႈ၊ ဖြဲ႕စည္းပံုအေျခခံဥပေဒကုိ ဖ်က္ဆီးမႈေတြနဲ႔ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

ပါဗက္ မူရွာရက္ဟာ ဖြဲ႕စည္းပံုအေျခခံဥပေဒရဲ႕ ပုဒ္မ ၆ ကို ေဖာက္ဖ်က္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ အစိုးရဥပေဒအရာရွိတစ္ဦးက ေျပာပါတယ္။

မူရွာရက္ဟာ ၁၉၉၉ ခုႏွစ္မွာ စစ္တပ္အာဏာသိမ္းမႈကို ေဆာင္ရြက္ခဲ့ၿပီးေနာက္ပိုင္းမွာ သမၼတအျဖစ္ ႏုိင္ငံကို အုပ္ခ်ဳပ္ခဲ့သူျဖစ္ပါတယ္။

မူရွာရက္ဟာ လက္ရွိပါကစၥတန္ ျပင္ပမွာ ေနထိုင္လ်က္ရွိေနၿပီး အခုလို စီရင္ခ်က္နဲ႔ပတ္သက္ၿပီး တစ္စံုတစ္ရာ မွက္ခ်က္ေပးျခင္းမရွိေသးပါဘူး။

Ref; telegraph.co.uk

#PeopleMedia #International

(Unicode)
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ကို တရားရုံးက သေဒဏ် ချမှတ်
……………………………………………………………

ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေးတရားရုံးက စစ်အာဏာရှင်ဟောင်း ပါဗက် မူရှာရက်ကို နိုင်ငံကို သစ္စာ ဖောက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးမှုတွေနဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

ပါဗက် မူရှာရက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆ ကို ဖောက်ဖျက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အစိုးရဥပဒေအရာရှိတစ်ဦးက ပြောပါတယ်။

မူရှာရက်ဟာ ၁၉၉၉ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာ သမ္မတအဖြစ် နိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

မူရှာရက်ဟာ လက်ရှိပါကစ္စတန် ပြင်ပမှာ နေထိုင်လျက်ရှိနေပြီး အခုလို စီရင်ချက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှက်ချက်ပေးခြင်းမရှိသေးပါဘူး။

Ref; telegraph.co.uk

#PeopleMedia #International


Share this post