• Follow Us on
Latest News

Home ပါတီတာဝန်ကို ထမ်းဆောင်နိုင်မှုမရှိတော့ဘဲ တခြားအဖွဲ့အစည်း၏တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များ မိမိတို့ပါတီနှင့် သက်ဆိုင်မှုရှိမည်မဟုတ်ကြောင်း ANP ပါတီထုတ်ပြန်

ပါတီတာဝန်ကို ထမ်းဆောင်နိုင်မှုမရှိတော့ဘဲ တခြားအဖွဲ့အစည်း၏တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များ မိမိတို့ပါတီနှင့် သက်ဆိုင်မှုရှိမည်မဟုတ်ကြောင်း ANP ပါတီထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၀

 

ပါတီတာဝန်ကိုထမ်းဆောင်နိုင်မှုမရှိတော့ဘဲ တခြားအဖွဲ့အစည်း၏ တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များ မိမိတို့ရခိုင်အမျိုးသားပါတီ A N P နှင့် သက်ဆိုင်မှုရှိမည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီမှ  မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့ကျင်းပသော ဗဟိုကော်မတီအစည်းအဝေးမှ လက်ရှိအခြေအနေအရ ရခိုင် အမျိုးသားပါတီဝင်များသည် လက်ရှိအခြေအနေတွင်မိမိဆန္ဒအလျောက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ရှိသလို မိမိကြိုက်နှစ်သက်ရာအဖွဲ့အစည်း (သို့မဟုတ်) ပါတီများသို့ အချိန်မရွေးကူးပြောင်းဝင်ရောက်ခွင့်ရှိကြောင်းနှင့် ဤသို့ မိမိပါတီမှ နုတ်ထွက်ထားသူများ၊ ပါတီတာဝန်ကိုထမ်းဆောင်နိုင်မှုမရှိတော့ဘဲ တခြားအဖွဲ့အစည်း၏ တာဝန်များကို ထမ်းဆောင်နေကြသည့် ပါတီဝင်များအားလည်း မိမိတို့ရခိုင်အမျိုးသားပါတီ A N P နှင့် သက် ဆိုင်မှုရှိမည်မဟုတ်ကြောင်း မူအရ သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် မတ်လ ၆ ရက်ဗဟိုကော်မတီအစည်းအဝေးမှ ပါတီညီလာခံဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ ထဲမှ တချို့ပုဂ္ဂိုလ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာလျက်ရှိနေကြကြောင်း၊ ယင်းအခြေအ နေအရ ပါတီဗဟိုကော်မတီ အစည်းအဝေးခေါ်ယူရာတွင်အခက်အခဲဖြစ်ပေါ်သဖြင့် ပါတီဗဟိုကော်မတီများ အနေဖြင့် ပါတီတာဝန်ကို ဆက်လက်ထမ်းဆောင်လိုစိတ်ရှိ မရှိ သဘောထားမေးမြန်းရန် အစည်းအဝေးဆုံး ဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိ ANP ပါတီ၏ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်မှာ နစကတွင် တာဝန်ထမ်းဆောင်နေ လျက်ရှိသလို ကော်မတီဝင် ဦးဦးလှစောမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်း အနားကို AA ကိုယ်စားပြုတက်ရောက်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 

#PeopleMedia


Share this post