• Follow Us on

Home ပါတီမွထုတ္ပယ္လိုက္ျခင္းေၾကာင့္ ေရြးေကာက္ပဲြ ၀င္ေရာက္ယွဥ္ၿပိဳင္ေ တာ့မည္မဟုတ္ေၾကာင္း NLD အမတ္ ေဒၚေမစိုးေျပာ

ပါတီမွထုတ္ပယ္လိုက္ျခင္းေၾကာင့္ ေရြးေကာက္ပဲြ ၀င္ေရာက္ယွဥ္ၿပိဳင္ေ တာ့မည္မဟုတ္ေၾကာင္း NLD အမတ္ ေဒၚေမစိုးေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၂

NLD ပါတီမွ ထုတ္ပယ္လိုက္ျခင္းေၾကာင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပဲြကို ၀င္ေရာက္ယွဥ္ၿပိဳင္ေတာ့မည္ မဟုတ္ေၾကာင္း ဗိုလ္တေထာင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚေမစိုးက People Media သို႔ ေျပာသည္။

ေရြးေကာက္ပဲြ၀င္ေရာက္ယွဥ္ၿပိဳင္မျပဳေတာ့ေသာ္လည္း နိုင္ငံေရးကို ျပည္သူေတြအတြက္ အၿမဲလုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚေမစိုးကေျပာသည္။

“ကၽြန္မကိုပါတီက ထုတ္လိုက္လို႔ပါ။ ကၽြန္မေရြးေကာက္ပဲြလည္းမ၀င္ပါဘူး။ အခုေတာ့ဘယ္ပါတီကမွလည္း မ၀င္ပါဘူး။ ေရြးေကာက္ပဲြမ၀င္ေပမယ့္ နိုင္ငံေရးကိုေတာ့ ကၽြန္မျပည္သူေတြအတြက္ဆက္လုပ္သြားမွာပါ”ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးကေျပာသည္။

ထို႔အျပင္ တိုင္းျပည္ေကာင္းစားဖို႔အတြက္ တစ္ေယာက္နဲ႔ တစ္ေယာက္ဆဲဆို ရန္လုပ္ေနမယ့္အစား ဘယ္လို ေရွ႕ဆက္သြားရင္ တိုင္းျပည္အတြက္ ပိုအက်ိဳးရွိမလဲဆိုတာ အဓိပၸာယ္ရွိေၾကာင္းလည္း ၎၏ႏိုင္ငံေရးအျမင္ကို ေျပာၾကားခဲ့သည္။

“တစ္ေယာက္နဲ႔ တစ္ေယာက္ေတြ႕ရင္ အနီတို႔အစိမ္းတို႔ အျပာတို႔အ၀ါတို႔စသျဖင့္ေပါ့ေနာ္ ဆဲေနၾကမယ့္အစား ျပည္သူ႔အတြက္သြားမယ္ဆိုရင္ သြားမယ့္ရည္ရြယ္ခ်က္အတိုင္း ေရွ႕ဆက္ေကာင္းဖို႔ပဲျမင္ခ်င္ပါတယ္။ ျပည္သူ ေတြက Covid အတြက္လည္း စီးပြားေရး ခံစားေနရတာေတြရွိတယ္ဆိုေတာ့ တိုင္းျပည္က ဒီထက္မက ပိုေကာင္းမွသာလွ်င္ လုပ္ေပးနိုင္မယ့္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ အစိုးရအဖဲြ႕ေတြလာမယ့္ ၂၀၂၁ မွာ ပိုၿပီးစြမ္းေဆာင္ႏုိင္မယ့္လူေတာ္ လူေကာင္းေတြပါဖို႔ေမွ်ာ္လင့္“ ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးကေျပာသည္။

ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေမစိုးသည္ ေမလ ၅ ရက္တြင္ NLD ပါတီ တာ၀န္ မွ ႐ုတ္သိမ္းခံထားရျခင္းျဖစ္ၿပီး အလားတူ တစ္ျခား ပါတီ၀င္အမတ္မ်ားသည္လည္း NLD ပါတီတာ၀န္မွ ႐ုတ္ သိမ္းထုတ္ပယ္ခံရမႈမ်ားရွိကာ ၂၀၂၀ ေရြးေကာက္ပဲြကို အျခားပါတီမ်ားမွ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ ျဖစ္သည္။

#PeopleMedia

(unicode)
ပါတီမှထုတ်ပယ်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ေတာ့မည်မဟုတ်ကြောင်း NLD အမတ် ဒေါ်မေစိုးပြော
……………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၂

NLD ပါတီမှ ထုတ်ပယ်လိုက်ခြင်းကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်မေစိုးက People Media သို့ ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မပြုတော့သော်လည်း နိုင်ငံရေးကို ပြည်သူတွေအတွက် အမြဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးကပြောသည်။

“ကျွန်မကိုပါတီက ထုတ်လိုက်လို့ပါ။ ကျွန်မရွေးကောက်ပွဲလည်းမဝင်ပါဘူး။ အခုတော့ဘယ်ပါတီကမှလည်း မဝင်ပါဘူး။ ရွေးကောက်ပွဲမဝင်ပေမယ့် နိုင်ငံရေးကိုတော့ ကျွန်မပြည်သူတွေအတွက်ဆက်လုပ်သွားမှာပါ”ဟု ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကပြောသည်။

ထို့အပြင် တိုင်းပြည်ကောင်းစားဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက်ဆဲဆို ရန်လုပ်နေမယ့်အစား ဘယ်လို ရှေ့ဆက်သွားရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမလဲဆိုတာ အဓိပ္ပာယ်ရှိကြောင်းလည်း ၎င်း၏နိုင်ငံရေးအမြင်ကို ပြောကြားခဲ့သည်။

“တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် အနီတို့အစိမ်းတို့ အပြာတို့အဝါတို့စသဖြင့်ပေါ့နော် ဆဲနေကြမယ့်အစား ပြည်သူ့အတွက်သွားမယ်ဆိုရင် သွားမယ့်ရည်ရွယ်ချက်အတိုင်း ရှေ့ဆက်ကောင်းဖို့ပဲမြင်ချင်ပါတယ်။ ပြည်သူ တွေက Covid အတွက်လည်း စီးပွားရေး ခံစားနေရတာတွေရှိတယ်ဆိုတော့ တိုင်းပြည်က ဒီထက်မက ပိုကောင်းမှသာလျှင် လုပ်ပေးနိုင်မယ့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တွေလာမယ့် ၂၀၂၁ မှာ ပိုပြီးစွမ်းဆောင်နိုင်မယ့်လူတော် လူကောင်းတွေပါဖို့မျှော်လင့်“ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကပြောသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးသည် မေလ ၅ ရက်တွင် NLD ပါတီ တာဝန် မှ ရုတ်သိမ်းခံထားရခြင်းဖြစ်ပြီး အလားတူ တစ်ခြား ပါတီဝင်အမတ်များသည်လည်း NLD ပါတီတာဝန်မှ ရုတ် သိမ်းထုတ်ပယ်ခံရမှုများရှိကာ ၂၀၂၀ ရွေးကောက်ပွဲကို အခြားပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

#PeopleMedia


Share this post