• Follow Us on

Home ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ Online အထူးတရားပွဲကို ဒီဇင်ဘာလ ၁၇ ရက် နေ့၌ ကျင်းပမည်

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ Online အထူးတရားပွဲကို ဒီဇင်ဘာလ ၁၇ ရက် နေ့၌ ကျင်းပမည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (People Media)

 

ရွှေကျင်နီကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏   Online အထူးတရားပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပါမောက္ခချုပ်ဆရာတော်ဘုရားမှ နိဗ္ဗာန်ရောက်ကြောင်း တရားများ နာယူကြည်ညိုနိုင်ပါရန်အတွက် ပါမော က္ခချုပ်ဆရာတော်ဓမ္မသဘင် Live Facebook စာမျက်နှာမှလည်း တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

Zoom ဖြင့် ဝင်ရောက် တရားနာယူသူများအနေဖြင့်လည်း iD – 375 275 3427 Passcode – 212121ကို ဝင်ရောက်နာကြားနိုင်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 

#PeopleMedia


Share this post