• Follow Us on

Home ပါးစပ္ကေျပာေနသည့္ ဖက္ဒရယ္ဒီမိုကရက္တစ္ လက္ေတြ႕မက်ျခင္းေၾကာင့္ တစ္ဆို႔မႈမ်ားျဖစ္ေပၚေနေၾကာင္း ျပည္သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇယ်ေျပာ

ပါးစပ္ကေျပာေနသည့္ ဖက္ဒရယ္ဒီမိုကရက္တစ္ လက္ေတြ႕မက်ျခင္းေၾကာင့္ တစ္ဆို႔မႈမ်ားျဖစ္ေပၚေနေၾကာင္း ျပည္သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇယ်ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၀

ပါးစပ္ကေျပာေနသည့္ ဖက္ဒရယ္ဒီမိုကရက္တစ္ လက္ေတြ႕မက်ျခင္းေၾကာင့္ တစ္ဆို႔မႈမ်ားျဖစ္ေပၚေနေၾကာင္း ဒီမိုကေရစီဆိုသည္မွာ ပါးစပ္ေျပာကာ က်င့္သုံးလို႔မရေၾကာင္း ျပည္သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇယ်မွေျပာပါတယ္။

ျပည္သူၾကားက ျပည္သူ႔ပါတီဆိုသည့္ေခါင္းစဥ္ျဖင့္ ေအာက္တိုဘာ ၉ ရက္ေန႔က ျပည္သူမ်ားမွ ေမးျမန္းထား သည့္ေမးခြန္းမ်ားကို ျပည္သူ႔ပါတီ page မွတစ္ဆင့္ ျပန္လည္ေျဖၾကားေပးရာတြင္ အထက္ပါအတိုင္း ေျပာၾကား ခဲ့ျခင္းျဖစ္ပါတယ္။

“ဖက္ဒရယ္ဒီမိုကရက္တစ္လမ္းေၾကာင္းကိုသြားေနၿပီလို႔ ပါးစပ္ကေျပာရင္းေျပာရင္းနဲ႔ လက္ေတြ႕ပိုင္းမွာ ခံယူခ်က္အေပၚမွာ နားလည္မႈခံစားခ်က္အေပၚမွာ ကိုယ္ခ်င္းစာမႈေတြ မေပးနိုင္တဲ့အခါက်ေတာ့ နိုင္ငံေရးမွာတင္ တစ္ဆို႔ေနတာမဟုတ္ဘူး။ လူမႈေရး စီးပြားေရး အကုန္တစ္ဆို႔ေနၿပီး ေနာက္ဆုံးၿငိမ္းခ်မ္းေရး ခရီးမွာပါတစ္ဆို႔ေနတာေတြ အားလုံးကိုတင္ျပခ်င္ပါတယ္” ဦးမင္းေဇယ်က ေျပာပါတယ္။

ေျပာင္းလဲခ်ိန္တန္ၿပီဆိုသည့္ စကားရပ္ေျပာၾကားရာတြင္ အေျပာင္းအလဲအား ပါးစပ္ျဖင့္ ေျပာၾကား၍မရဘဲ ျပည္သူမ်ား အမွန္တကယ္ ခံစားနိုင္ေအာင္ အေျပာႏွင့္ အလုပ္ ထပ္တူညီရန္ ေဆာင္ရြက္သင့္ေၾကာင္းကိုလဲ ဦးမင္းေဇယ်က ဆိုပါတယ္။

“ေျပာခ်င္တာက ေျပာင္းလဲခ်ိန္တန္ၿပီ တကယ္ေျပာင္းလဲဖို႔လိုၿပီလို႔ ပါးစပ္က ဘယ္လိုပဲေျပာေျပာ တကယ့္ျပည္သူေတြလိုလားတဲ့ အေျပာင္းအလဲေတြကို ျပည္သူေတြ မခံစားရသ၍ ကာလပတ္လုံး အဲဒီအေျပာေတြေနာက္မွာ အလုပ္မပါလာသမွ် ကာလပတ္လုံး ျပည္သူေတြက ႏွစ္ေပါင္း ၅၀ ေက်ာ္ ၆၀ ေလာက္ ခါးစည္းခံခဲ့ၿပီး ျဖစ္တဲ့အခါက်ေတာ့ အခုအခ်ိန္မွာလည္း အရမ္းေမၽွာ္လင့္ေနၾကတယ္”ဟု ဦးမင္းေဇယ်က ေျပာပါတယ္။

ျပည္သူ႔ပါတီသို႔ ေပးပို႔ထားသည့္ ေမးခြန္းမ်ားကို ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီး၊ ဒုတိယဥကၠ႒ ဦးမင္းေဇယ်၊ အေထြေထြအတြင္းေရးမွဴး ဦးရဲနိုင္ေအာင္၊ တြဲဖက္အေထြေထြအတြင္းေရးမွဴး (၁) ဦးေက်ာ္ေက်ာ္ေထြး၊ တြဲဖက္အေထြေထြအတြင္းေရးမွဴး (၂) ဦးေက်ာ္ေက်ာ္စိုးတို႔က ျပည္သူ႔ပါတီ page မွတစ္ဆင့္ ျပန္လည္ ေျဖၾကားခဲ့ၾကသည္။

#PeopleMedia

(Unicode)
ပါးစပ်ကပြောနေသည့် ဖက်ဒရယ်ဒီမိုကရက်တစ် လက်တွေ့မကျခြင်းကြောင့် တစ်ဆို့မှုများဖြစ်ပေါ်နေကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျပြော
…………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၁၀

ပါးစပ်ကပြောနေသည့် ဖက်ဒရယ်ဒီမိုကရက်တစ် လက်တွေ့မကျခြင်းကြောင့် တစ်ဆို့မှုများဖြစ်ပေါ်နေကြောင်း ဒီမိုကရေစီဆိုသည်မှာ ပါးစပ်ပြောကာ ကျင့်သုံးလို့မရကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျမှပြောပါတယ်။

ပြည်သူကြားက ပြည်သူ့ပါတီဆိုသည့်ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၉ ရက်နေ့က ပြည်သူများမှ မေးမြန်းထား သည့်မေးခွန်းများကို ပြည်သူ့ပါတီ page မှတစ်ဆင့် ပြန်လည်ဖြေကြားပေးရာတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။

“ဖက်ဒရယ်ဒီမိုကရက်တစ်လမ်းကြောင်းကိုသွားနေပြီလို့ ပါးစပ်ကပြောရင်းပြောရင်းနဲ့ လက်တွေ့ပိုင်းမှာ ခံယူချက်အပေါ်မှာ နားလည်မှုခံစားချက်အပေါ်မှာ ကိုယ်ချင်းစာမှုတွေ မပေးနိုင်တဲ့အခါကျတော့ နိုင်ငံရေးမှာတင် တစ်ဆို့နေတာမဟုတ်ဘူး။ လူမှုရေး စီးပွားရေး အကုန်တစ်ဆို့နေပြီး နောက်ဆုံးငြိမ်းချမ်းရေး ခရီးမှာပါတစ်ဆို့နေတာတွေ အားလုံးကိုတင်ပြချင်ပါတယ်” ဦးမင်းဇေယျက ပြောပါတယ်။

ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားရပ်ပြောကြားရာတွင် အပြောင်းအလဲအား ပါးစပ်ဖြင့် ပြောကြား၍မရဘဲ ပြည်သူများ အမှန်တကယ် ခံစားနိုင်အောင် အပြောနှင့် အလုပ် ထပ်တူညီရန် ဆောင်ရွက်သင့်ကြောင်းကိုလဲ ဦးမင်းဇေယျက ဆိုပါတယ်။

“ပြောချင်တာက ပြောင်းလဲချိန်တန်ပြီ တကယ်ပြောင်းလဲဖို့လိုပြီလို့ ပါးစပ်က ဘယ်လိုပဲပြောပြော တကယ့်ပြည်သူတွေလိုလားတဲ့ အပြောင်းအလဲတွေကို ပြည်သူတွေ မခံစားရသ၍ ကာလပတ်လုံး အဲဒီအပြောတွေနောက်မှာ အလုပ်မပါလာသမျှ ကာလပတ်လုံး ပြည်သူတွေက နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် ခါးစည်းခံခဲ့ပြီး ဖြစ်တဲ့အခါကျတော့ အခုအချိန်မှာလည်း အရမ်းမျှော်လင့်နေကြတယ်”ဟု ဦးမင်းဇေယျက ပြောပါတယ်။

ပြည်သူ့ပါတီသို့ ပေးပို့ထားသည့် မေးခွန်းများကို ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးကျော်ကျော်စိုးတို့က ပြည်သူ့ပါတီ page မှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့ကြသည်။

#PeopleMedia


Share this post