• Follow Us on

Home ပါးစပ္ႏွင့္ ႏွာေခါင္းစည္း(mask)ႏွင့္ မ်က္ႏွာအကာ (face shield) မတပ္ပါက ေစ်းေရာင္းသူႏွင့္ ဝယ္ယူသူမ်ားကုိ ေစ်းအတြင္းသုိ႔ ဝင္ခြင့္မျပဳရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးညႊန္ၾကား

ပါးစပ္ႏွင့္ ႏွာေခါင္းစည္း(mask)ႏွင့္ မ်က္ႏွာအကာ (face shield) မတပ္ပါက ေစ်းေရာင္းသူႏွင့္ ဝယ္ယူသူမ်ားကုိ ေစ်းအတြင္းသုိ႔ ဝင္ခြင့္မျပဳရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးညႊန္ၾကား

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၃၀
 
ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (mask) ႏွင့္ မ်က္ႏွာအကာ (face shield) မတပ္ပါက ေစ်းေရာင္းသူႏွင့္ ဝယ္ယူသူမ်ားကုိ ေစ်း အတြင္းသုိ႔ ဝင္ခြင့္မျပဳရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ညႊန္ၾကား ထားသည္။
 
နိုဝင္ဘာလ (၂၇) ရက္ေန႔၌ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးသည္ Videoconferencing စနစ္ျဖင့္ ျပဳလုပ္ခဲ့ေသာ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား၌ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း မျဖစ္မေန တပ္ဆင္ေရးလူထုလႈပ္ရွားစီမံခ်က္၌ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
 
ေဒါက္တာျမင့္ေထြးက ေဈးေရာင္းခ်သူမ်ားတြင္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း(mask)ႏွင့္ မ်က္ႏွာအကာ (face shield) မတပ္ပါက ေဈးေရာင္းခ်ခြင့္မျပဳရန္ႏွင့္ ေဈးဝယ္သူမ်ားတြင္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (mask) မတပ္ပါက ေဈးတြင္း ဝင္ခြင့္မျပဳရန္တို႔ကို သက္ဆိုင္ရာႏွီးႏႊယ္ဌာနမ်ားႏွင့္ ပူးေပါင္းကာ ေဆာင္႐ြက္ၾကရမည္ျဖစ္ပါေၾကာင္း ေျပာဆုိေဆြးေႏြးခဲ့သည္။
 
ထုိ႔အတူ ေဈးဝယ္ယူသူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း (mask) ႏွင့္ မ်က္ႏွာအကာ (face shield) မတပ္ထားေသာ ေဈးေရာင္းခ်သူမ်ားထံမွ ေဈးဝယ္ယူျခင္းမျပဳၾကရန္ကို အသိပညာေပးရမည္ျဖစ္ပါေၾကာင္း ေဒါက္တာျမင့္ေထြးက ေျပာသည္။
 
လက္ရွိအခ်ိန္၌ ျမန္မာႏုိင္ငံသည္ အာဆီယံအဆင့္၌ COVID-19 ကူးစက္ခံရမႈသည္ တတိယအမ်ားဆုံးႏုိင္ငံစာရင္းသုိ႔ ေရာက္ရွိေနၿပီျဖစ္သည္။
 
#PeopleMedia #COVID #ေစ်း #ေဒါက္တာျမင့္ေထြး
 
(unicode)
ပါးစပ်နှင့် နှာခေါင်းစည်း(mask)နှင့် မျက်နှာအကာ (face shield) မတပ်ပါက စျေးရောင်းသူနှင့် ဝယ်ယူသူများကို စျေးအတွင်းသို့ ဝင်ခွင့်မပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးညွှန်ကြား
……………………………………………………………….
 
ရန်ကုန်၊ နိုဝင်ဘာ – ၃၀
 
ပါးစပ်နှင့် နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ပါက စျေးရောင်းသူနှင့် ဝယ်ယူသူများကို စျေး အတွင်းသို့ ဝင်ခွင့်မပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြား ထားသည်။
 
နိုဝင်ဘာလ (၂၇) ရက်နေ့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလူထုလှုပ်ရှားစီမံချက်၌ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမြင့်ထွေးက ဈေးရောင်းချသူများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)နှင့် မျက်နှာအကာ (face shield) မတပ်ပါက ဈေးရောင်းချခွင့်မပြုရန်နှင့် ဈေးဝယ်သူများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) မတပ်ပါက ဈေးတွင်း ဝင်ခွင့်မပြုရန်တို့ကို သက်ဆိုင်ရာနှီးနွှယ်ဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။
 
ထို့အတူ ဈေးဝယ်ယူသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ထားသော ဈေးရောင်းချသူများထံမှ ဈေးဝယ်ယူခြင်းမပြုကြရန်ကို အသိပညာပေးရမည်ဖြစ်ပါကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။
 
လက်ရှိအချိန်၌ မြန်မာနိုင်ငံသည် အာဆီယံအဆင့်၌ COVID-19 ကူးစက်ခံရမှုသည် တတိယအများဆုံးနိုင်ငံစာရင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
 
#PeopleMedia #COVID #စျေး #ဒေါက်တာမြင့်ထွေး

Share this post