• Follow Us on

Home ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျမတပ်ဆင်သူများအား ရောဂါဖြန့်နေသူများ အဖြစ်ရှုမြင်ပြီး သတိပေးရန် ကျန်းမာရေးဝန်ကြီးဌာန ထပ်မံတိုက်တွန်း


Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)


အဆိုပါနှိုးဆော်စာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျ မတပ်သူများနှင့် မေးသိုင်းထားသူ များသည် မိမိကိုယ်တိုင်သာမက မိသားစုဝင်များနှင့် အခြားသူများထံသို့ COVID-19 ကူးစက်နိုင်သည်ကို သိရှိရန်၊ ဈေးများသည် နေရာပေါင်းစုံမှလူများလာရောက်ရာ နေရာဖြစ်သည့်အတွက် ရောဂါကူးစက်ရန် အခွင့်အလမ်း အများဆုံးနေရာဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျမတပ်သူများ၊ မေးသိုင်းထားသူများရှိနေသမျှ မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း ယင်းကဲ့သို့ စည်း ကမ်းမရှိသူများအား ရောဂါဖြန့်နေသူများအဖြစ် ရှုမြင်သုံးသပ်ကြပြီး Mask စနစ်တကျတပ်စေရန် သတိပေးကြ ရန်နှင့် Mask စနစ်တကျမတပ်ထားသူများထံမှ ဈေးလုံးဝ(လုံးဝ)မ၀ယ်ယူကြရန် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။


Photo – MOHS


(unicode)
ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျမတပ်ဆင်သူများအား ရောဂါဖြန့်နေသူများ အဖြစ်ရှုမြင်ပြီး သတိပေးရန် ကျန်းမာရေးဝန်ကြီးဌာန ထပ်မံတိုက်တွန်း
…………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျ မတပ်ဆင်သူများအား ရောဂါဖြန့်နေသူများ အဖြစ် ရှုမြင်ပြီး သတိပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၆ ရက်နေ့က ထပ်မံ၍ တိုက်တွန်း နှိုးဆော်စာတစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါနှိုးဆော်စာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျ မတပ်သူများနှင့် မေးသိုင်းထားသူ များသည် မိမိကိုယ်တိုင်သာမက မိသားစုဝင်များနှင့် အခြားသူများထံသို့ COVID-19 ကူးစက်နိုင်သည်ကို သိရှိရန်၊ စျေးများသည် နေရာပေါင်းစုံမှလူများလာရောက်ရာ နေရာဖြစ်သည့်အတွက် ရောဂါကူးစက်ရန် အခွင့်အလမ်း အများဆုံးနေရာဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျမတပ်သူများ၊ မေးသိုင်းထားသူများရှိနေသမျှ မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း ယင်းကဲ့သို့ စည်း ကမ်းမရှိသူများအား ရောဂါဖြန့်နေသူများအဖြစ် ရှုမြင်သုံးသပ်ကြပြီး Mask စနစ်တကျတပ်စေရန် သတိပေးကြ ရန်နှင့် Mask စနစ်တကျမတပ်ထားသူများထံမှ စျေးလုံးဝ(လုံးဝ)မဝယ်ယူကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်ရှိပြီး၊ ပြန်လည် ကောင်း မွန်လာသူ ကိုးသောင်းကျော်နှင့် အဆိုပါရောဂါဖြင့် သေဆုံးလူနာ နှစ်ထောင်ကျော်ရှိပြီဖြစ်သည်။

Photo – MOHS

#PeopleMedia #ကျန်းမာရေးဝန်ကြီးဌာန


Share this post