• Follow Us on

Home ပိတ္ဆို႔မႈစာရင္း၀င္ျမန္မာကုမၸဏီကို သယ္ပို႔ေပးခဲ့လို႔ အေမရိကန္ကုန္တင္သေဘၤာကုမၸဏီ ေဒၚလာ ၁.၁၃ သန္းေပးေဆာင္

ပိတ္ဆို႔မႈစာရင္း၀င္ျမန္မာကုမၸဏီကို သယ္ပို႔ေပးခဲ့လို႔ အေမရိကန္ကုန္တင္သေဘၤာကုမၸဏီ ေဒၚလာ ၁.၁၃ သန္းေပးေဆာင္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇန္နဝါရီ – ၂၈

ျမန္မာႏိုင္ငံအေပၚ အေမရိကန္ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြကို ေျဖ႐ွင္းဖို႔ Eagle Bulk Shipping သေဘၤာကုမၸဏီလက္ေအာက္ခံ Eagle Shipping International (USA) LLC ကုန္တင္သေဘၤာ ကုမၸဏီဟာ ေဒၚလာ ၁.၁၃ သန္းေပးေဆာင္ဖို႔ သေဘာတူခဲ့တယ္လို႔ အေမရိကန္ေငြတိုက္၀န္ႀကီးဌာနက တနလၤာေန႔မွာထုတ္ျပန္ပါတယ္။

၂၀၁၁ နဲ႔ ၂၀၁၄ ခုႏွစ္ၾကား အေမရိကန္ရဲ႕နာမည္ပ်က္စာရင္းသြင္းခံထားရတဲ့အထဲပါ၀င္တဲ့ ျမ၀တီထရိတ္ဒင္း ကုမၸဏီလီမိတက္ကို သယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈေပးခဲ့လို႔ဆိုၿပီး ေပးေဆာင္ရတာလို႔ အေမရိကန္ေငြတိုက္ ၀န္ႀကီးဌာနရဲ႕ ႏိုင္ငံျခားပိုင္ဆိုင္မႈမ်ားထိန္းခ်ဳပ္ေရး႐ံုးကထုတ္ျပန္ပါတယ္။

၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာမွာ ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ႐ုတ္သိမ္းၿပီး ျမ၀တီကိုလည္း နာမည္ ပ်က္စာရင္းကေနဖယ္႐ွားလိုက္ပါတယ္။

ဒါေပမဲ့ ျပန္မ႐ုတ္သိမ္းခင္ မေလ်ာ္ကန္တဲ့လုပ္ဆာင္မႈေတြလုပ္ခဲ့တယ္လို႔ဆိုရင္ လူတစ္ဦးတစ္ေယာက္နဲ႔ အဖြဲ႕ အစည္းေတြဟာ ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ေတြ႕႐ွိရေသးတယ္ဆိုၿပီး ၀န္ႀကီးဌာနကေျပာတာပါ။

လိုင္စင္ေလွ်ာက္ထားမႈျငင္းခဲ့တာနဲ႔ ႏိုင္ငံျခားပိုင္ဆိုင္မႈမ်ားထိန္းခ်ဳပ္ေရး႐ံုးဆီက ခြင့္ျပဳမိန္႔မရခဲ့တာေတြ႐ွိခဲ့ေပမဲ့ အဲဒီကာလမွာ ပိတ္ဆို႔မႈခံထားရတဲ့ျမ၀တီကုမၸဏီက ျဖည့္ဆည္းေပးတဲ့သဲကို စင္ကာပူႏိုင္ငံဆီတင္ပို႔ရာမွာ ကုမၸဏီက သယ္ယူပို႔ေဆာင္ေပးခဲ့တယ္လို႔ ႏိုင္ငံျခားပိုင္ဆိုင္မႈမ်ားထိန္းခ်ဳပ္ေရး႐ံုးကေျပာပါတယ္။

Source – Wall Street Journal

Photo – Eagle Shipping International (USA) LLC LinkedIn

#PeopleMedia

(Unicode)
ပိတ်ဆို့မှုစာရင်းဝင်မြန်မာကုမ္ပဏီကို သယ်ပို့ပေးခဲ့လို့ အမေရိကန်ကုန်တင်သင်္ဘောကုမ္ပဏီ ဒေါ်လာ ၁.၁၃ သန်းပေးဆောင်
……………………………………………………………

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ – ၂၈

မြန်မာနိုင်ငံအပေါ် အမေရိကန်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ Eagle Bulk Shipping သင်္ဘောကုမ္ပဏီလက်အောက်ခံ Eagle Shipping International (USA) LLC ကုန်တင်သင်္ဘော ကုမ္ပဏီဟာ ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနက တနင်္လာနေ့မှာထုတ်ပြန်ပါတယ်။

၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်ကြား အမေရိကန်ရဲ့နာမည်ပျက်စာရင်းသွင်းခံထားရတဲ့အထဲပါဝင်တဲ့ မြဝတီထရိတ်ဒင်း ကုမ္ပဏီလီမိတက်ကို သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခဲ့လို့ဆိုပြီး ပေးဆောင်ရတာလို့ အမေရိကန်ငွေတိုက် ဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပြီး မြဝတီကိုလည်း နာမည် ပျက်စာရင်းကနေဖယ်ရှားလိုက်ပါတယ်။

ဒါပေမဲ့ ပြန်မရုတ်သိမ်းခင် မလျော်ကန်တဲ့လုပ်ဆာင်မှုတွေလုပ်ခဲ့တယ်လို့ဆိုရင် လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့ အစည်းတွေဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိရသေးတယ်ဆိုပြီး ဝန်ကြီးဌာနကပြောတာပါ။

လိုင်စင်လျှောက်ထားမှုငြင်းခဲ့တာနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးဆီက ခွင့်ပြုမိန့်မရခဲ့တာတွေရှိခဲ့ပေမဲ့ အဲဒီကာလမှာ ပိတ်ဆို့မှုခံထားရတဲ့မြဝတီကုမ္ပဏီက ဖြည့်ဆည်းပေးတဲ့သဲကို စင်ကာပူနိုင်ငံဆီတင်ပို့ရာမှာ ကုမ္ပဏီက သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးကပြောပါတယ်။

Source – Wall Street Journal

Photo – Eagle Shipping International (USA) LLC LinkedIn

#PeopleMedia


Share this post