• Follow Us on

Home ပိတ္ဆို႔အေရးယူမႈေတြကို ဆန္႔က်င္ၿပီး ၂၀၁၉ ခုႏွစ္မွာ ႏ်ဴကလီးယားနဲ႔ ဒံုးက်ည္အစီအစဥ္ေတြ ေျမာက္ကိုရီး ယား တိုးျမွင့္လုပ္ေဆာင္

ပိတ္ဆို႔အေရးယူမႈေတြကို ဆန္႔က်င္ၿပီး ၂၀၁၉ ခုႏွစ္မွာ ႏ်ဴကလီးယားနဲ႔ ဒံုးက်ည္အစီအစဥ္ေတြ ေျမာက္ကိုရီး ယား တိုးျမွင့္လုပ္ေဆာင္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ ၁၀

ေျမာက္ကိုရီးယားႏိုင္ငံဟာ ကုလသမဂၢရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို ဆန္႔က်င္ၿပီး ၂၀၁၉ ခုႏွစ္မွာ ႏ်ဴကလီးယား နဲ႔ ပဲ့ထိန္းဒံုးက်ည္အစီအစဥ္ေတြ ဆက္ၿပီးအ႐ွိန္ျမွင့္လုပ္ေဆာင္ခဲ့တယ္လို႔ ကုလသမဂၢရဲ႕ လွ်ိဳ႕၀ွက္အစီရင္ခံစာ တစ္ခုမွာ ပါ၀င္ေနပါတယ္။

ဒါ့အျပင္ တရားမ၀င္သန္႔စင္ေရနံေတြတင္သြင္းခဲ့ၿပီး အေမရိကန္ေဒၚလာသန္း ၃၇၀ ေလာက္တန္ေၾကး႐ွိတဲ့ ေက်ာက္မီးေသြးေတြကိုလည္း တ႐ုတ္၀မ္းျပားေရယာဥ္ေတြအကူအညီနဲ႔တင္ပို႔ခဲ့တယ္လို႔ အစီရင္ခံစာမွာ ပါ၀င္ပါတယ္။

မတ္လမွာ အမ်ားျပည္သူကိုခ်ျပမယ့္ စာမ်က္ႏွာ ၆၇ မ်က္ႏွာပါ ကုလသမဂၢလံုၿခံဳေရးေကာင္စီ ေျမာက္ကိုရီးယား ပိတ္ဆို႔အေရးယူမႈဆိုင္ရာေကာ္မတီအစီရင္ခံစာဟာ တစ္ဆို႔ေနတဲ့ ေျမာက္ကိုရီးယားနဲ႔ ႏ်ဴကလီးယားဖ်က္သိမ္း ေရးေဆြးေႏြးမႈေတြကို အေမရိကန္က အသက္ျပန္သြင္းဖို႔ႀကိဳးစားေနခ်ိန္မွာ ထြက္ေပၚလာတာပါ။

“လံုၿခံဳေရးေကာင္စီဆံုးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္တဲ့အေနနဲ႔ ၂၀၁၉ ခုႏွစ္မွာ ကိုရီးယားဒီမိုကရတ္တစ္ျပည္သူ႔ သမၼတႏိုင္ငံ(DPRK)(ေျမာက္ကိုရီးယားႏိုင္ငံ၏တရား၀င္အမည္)ဟာ အ႐ွိန္ႁမွင့္တင္ဖို႔ဆက္လုပ္ခဲ့တဲ့ တရားမ၀င္ ႏ်ဴကလီးယားနဲ႔ ပဲ့ထိန္းဒံုးက်ည္အစီအစဥ္ေတြကို မရပ္ခဲ့ပါဘူး”လို႔ အမွီအခိုကင္းတဲ့ ကုလသမဂၢပိတ္ဆို႔ အေရး ယူမႈေစာင့္ၾကည့္ေရးအဖြဲ႕၀င္ေတြက ေရးခဲ့ပါတယ္။

“ႏိုင္ငံတြင္းမွာ လုပ္ႏိုင္စြမ္းခ်ဲ႕ထြင္ထားခ်ိန္မွာပဲ ျပည္ပကေနအစိတ္အပိုင္းေတြနဲ႔ နည္းပညာေတြရယူေနပါေသး တယ္”လို႔လည္း ပါ၀င္ပါတယ္။

၂၀၀၆ ခုႏွစ္ကတည္းက ေျမာက္ကိုရီးယားႏိုင္ငံကို ပိတ္ဆို႔အေရးယူမႈေတြ႐ွိေနတာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အဖြဲ႕ ၀င္ ၁၅ ႏိုင္ငံပါတဲ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီက ပိတ္ဆို႔အေရးယူမႈေတြကိုသက္တမ္းတိုးၿပီး ေျမာက္ကိုရီး ယားရဲ႕ႏ်ဴလီးယားနဲ႔ ပဲ့ထိန္းဒံုးက်ည္အစီအစဥ္ေတြအတြက္ ေငြေၾကးေထာက္ပံ့မႈေတြေလွ်ာ့ခ်ဖို႔လုပ္ခဲ့ပါတယ္။

Source – Reuters

Photo – KCNA

#PeopleMedia #NorthKorea #DPRK #NUclearand Missile Programs #UNSC #Sanctions

(Unicode)
ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး ၂၀၁၉ ခုနှစ်မှာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ မြောက်ကိုရီး ယား တိုးမြှင့်လုပ်ဆောင်
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ ၁၀

မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး ၂၀၁၉ ခုနှစ်မှာ နျူကလီးယား နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ ဆက်ပြီးအရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာ တစ်ခုမှာ ပါဝင်နေပါတယ်။

ဒါ့အပြင် တရားမဝင်သန့်စင်ရေနံတွေတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၃၇၀ လောက်တန်ကြေးရှိတဲ့ ကျောက်မီးသွေးတွေကိုလည်း တရုတ်ဝမ်းပြားရေယာဉ်တွေအကူအညီနဲ့တင်ပို့ခဲ့တယ်လို့ အစီရင်ခံစာမှာ ပါဝင်ပါတယ်။

မတ်လမှာ အများပြည်သူကိုချပြမယ့် စာမျက်နှာ ၆၇ မျက်နှာပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြောက်ကိုရီးယား ပိတ်ဆို့အရေးယူမှုဆိုင်ရာကော်မတီအစီရင်ခံစာဟာ တစ်ဆို့နေတဲ့ မြောက်ကိုရီးယားနဲ့ နျူကလီးယားဖျက်သိမ်း ရေးဆွေးနွေးမှုတွေကို အမေရိကန်က အသက်ပြန်သွင်းဖို့ကြိုးစားနေချိန်မှာ ထွက်ပေါ်လာတာပါ။

“လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကိုရီးယားဒီမိုကရတ်တစ်ပြည်သူ့ သမ္မတနိုင်ငံ(DPRK)(မြောက်ကိုရီးယားနိုင်ငံ၏တရားဝင်အမည်)ဟာ အရှိန်မြှင့်တင်ဖို့ဆက်လုပ်ခဲ့တဲ့ တရားမဝင် နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေကို မရပ်ခဲ့ပါဘူး”လို့ အမှီအခိုကင်းတဲ့ ကုလသမဂ္ဂပိတ်ဆို့ အရေး ယူမှုစောင့်ကြည့်ရေးအဖွဲ့ဝင်တွေက ရေးခဲ့ပါတယ်။

“နိုင်ငံတွင်းမှာ လုပ်နိုင်စွမ်းချဲ့ထွင်ထားချိန်မှာပဲ ပြည်ပကနေအစိတ်အပိုင်းတွေနဲ့ နည်းပညာတွေရယူနေပါသေး တယ်”လို့လည်း ပါဝင်ပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေရှိနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ အဖွဲ့ ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုတွေကိုသက်တမ်းတိုးပြီး မြောက်ကိုရီး ယားရဲ့နျူလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေအတွက် ငွေကြေးထောက်ပံ့မှုတွေလျှော့ချဖို့လုပ်ခဲ့ပါတယ်။

Source – Reuters

Photo – KCNA

#PeopleMedia #NorthKorea #DPRK #NUclearand Missile Programs #UNSC #Sanctions


Share this post