• Follow Us on

Home ပိုလန်နယ်စပ်မှ ဒုံးကျည်များပြန်လည်ရုပ်သိမ်းရေး မည်သည့်အချိန်မှ စဉ်းစားမည်မဟုတ်ကြောင်း ရုရှားပြော

ပိုလန်နယ်စပ်မှ ဒုံးကျည်များပြန်လည်ရုပ်သိမ်းရေး မည်သည့်အချိန်မှ စဉ်းစားမည်မဟုတ်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (People Media)

 

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏အနောက်ဘက်တွင် ပိုလန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကာလီနင်ဂရက် ဒေသမှ ဒုံးကျည်များပြန်လည်ရုပ်သိမ်းရေးအတွက် ဆွေးနွေးရန် မည်သည့်အချိန်မှ စဉ်းစားမည်မဟုတ်ကြောင်း ရုရှားအစိုးရပြန်ကြားရေးဝန်ကြီး ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။

 

ဇန်နဝါရီလ ၁၇ ရက်နေ့က CNN သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ရုရှား၊ အမေရိကန်၊ နေ တိုးအဖွဲ့တို့ကြား ဥရောပလုံခြုံရေးနှင့်ပတ်သက်သည့်ဆွေးနွေးပွဲများအကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများကို လျှော့ချသည့်အနေဖြင့် ကာလီနင်ဂရက်ဒေသတွင် တပ်ဖြန့်ချထားသော အစ်ကန်ဒါဒုံးကျည်များကို ပြန်လည် ရုပ်သိမ်းရန် ရုရှားနိုင်ငံက စဉ်းစားထားခြင်းရှိမရှိ ပက်စ်ကော့ဗ်ကို မေးမြန်းခဲ့သည်။

 

“ကာလီနင်ဂရက်ဆိုတာ ရုရှားနိုင်ငံပိုင်နက်ဖြစ်လို့ ကာလီနင်ဂရက်မှာရှိတဲ့ ဒုံးကျည်တွေနဲ့ စစ်လက်နက်တွေကို ပြန်လည်ရုပ်သိမ်းဖို့ဆိုတဲ့အကြောင်းကို ရုရှားနိုင်ငံက ဘယ်နိုင်ငံနဲ့မှ ဆွေးနွေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ် သက်လို့ပြောရရင် ကျွန်တော်တို့ကို အဲဒီလိုလုပ်ဖို့တောင်းဆိုလာတာကို ကျွန်တော်တို့ သည်းခံမှာမဟုတ်ပါဘူး။” ဟု ပက်စ်ကော့ဗ်က ပြန်လည်ဖြေကြားခဲ့သည်။

 

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း မိုက်ကယ်မက်ဖော်လ်က လတ်တလောကာလအတွင်း တွစ်တာပေါ်တွင် ရေးသားထားသည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ CNN သတင်းဌာနက ပက်စ်ကော့ဗ် ကို မေးမြန်းခုဲ့သည်။

 

သံအမတ်ကြီးဟောင်း မိုက်ကယ်မက်ဖော်လ်၏တောင်းဆိုချက်များတွင် ကာလီနင်ဂရက်ဒေသမှ ဒုံးကျည်များ ပြန်လည်ရုပ်သိမ်းရေးအပြင် အိမ်နီးချင်းနိုင်ငံများအနီးတွင် တပ်စွဲထားသော တပ်များကို ပြန်လည်ရုပ်သိမ်းရန်၊ ခရိုင်းမီးယားအား ယူကရိန်းနိုင်ငံကို ပြန်ပေးရန်နှင့် ယူကရိန်းနိုင်ငံအရှေ့ဘက်ဒေသမှ ခွဲထွက်ရေးဝါဒီများကို ထောက်ပံ့ကူညီနေမှုများအား ရပ်ဆိုင်းရန်တို့ပါဝင်သည်။

 

“ကျွန်တော်တို့ ေးသအသီးသီးမှာ ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ ရှိနေပါတယ်။ အခြေအနေတွေက အကဲဆတ်နေတုန်း ပူပူနွေးနွေးဖြစ်နေတုန်းပဲရှိပါသေးတယ်။ တကယ့်ကို ထိရှကြေကွဲလွယ်တဲ့အခြေအနေပါ။ တကယ်လို့ ရုရှားတပ်တွေ ပြန်လည်ဆုတ်ခွာသွားမယ်ဆိုရင် အကျပ်အတည်းတစ်ခုဟာ တဖြည်းဖြည်းအနာရင်း သလို ရင့်မှည့်ပေါက်ကွဲလာနိုင်ပါတယ်။ ဘယ်လိုရလဒ်မျိုးရလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ရုရှား နိုင်ငံက သူ့တပ်တွေကို ပြန်လည်ဆုတ်ခွာဖို့ စီစဉ်လိုက်တယ်ဆိုတာနဲ့ ရှိရှိသမျှပဋိပက္ခတွေအကုန်လုံး မီးထ တောက်ကုန်ပါလိမ့်မယ်။” ဟု ပက်စ်ကော့ဗ်က ပြောသည်။

 

လွန်ခဲ့သည့်သီတင်းပတ်က ရုရှား၊ အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးပွဲများကျင်းပခဲ့ပြီး နောက် ပက်စ်ကော့ဗ်၏ အင်တာဗျူးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဦးဆောင်သောနေတိုးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ နယ်မြေချဲ့ထွင်ဝင်ရောက်ခြင်းမပြုနိုင်ရေးအတွက်  စာချုပ်ချုပ်ဆိုအာမခံ ချက်ပေးရန် ရုရှားအစိုးရက တောင်းဆိုခဲ့သည်။

 

တစ်ပြိုင်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ် ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက လပေါင်းများစွာကြာသည့်တိုင် တောက်လျှောက်သတိပေး လျက်ရှိပြီး ရုရှားနိုင်ငံက ယင်းသတင်းမှာ သတင်းမှားဖြစ်ကြောင်းပြောဆိုရင်း ပယ်ချခဲ့သည်။

 

အနောက်နိုင်ငံများအနေဖြင့် ရုရှားအစိုးရ၏တောင်းဆိုချက်ကို တစ်ပတ်အတွင်း စာဖြင့်အကြောင်းပြန်မည်ဟု မျှော်လင့်ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က ပြောသည်။

 

Ref: Russia explains plans for missiles stationed near Poland

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Russia explains plans for missiles stationed near Poland

 

#PeopleMedia


Share this post