• Follow Us on

Home ပိုလန်နှင့် ဘော်လတစ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ Silver Arrow 21 စစ်ရေးလေ့ကျင့်မှုကို စောင့် ကြည့်လေ့လာ

ပိုလန်နှင့် ဘော်လတစ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ Silver Arrow 21 စစ်ရေးလေ့ကျင့်မှုကို စောင့် ကြည့်လေ့လာ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)

 

ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် လတ်ဗီးယားနိုင်ငံတွင် စက်တင်ဘာလ ၂ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့သော Silver Arrow 21 စစ်ရေးလေ့ကျင့်မှုကို စောင့် ကြည့်လေ့လာခဲ့ကြောင်း သိရသည်။

 

ပိုလန်နိုင်ငံနှင့် ဘော်လတစ်နိုင်ငံများသည် ရုရှားနိုင်ငံ၏ ရန်လိုမှုကို ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်ကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီး မက်ယူစဗွက်စတတ်ခ်ကပြောကြားလိုက်ပြီး ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံတို့က ရုရှားနိုင်ငံ ကတိုက်ခိုက်ခဲ့မှုများအား ထောက်ပြခဲ့သည်။ မိမိတို့မဟာမိတ်နိုင်ငံများအနေဖြင့် သတင်းအချက်အလက်များ အ ပြန်အလှန်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ တောက်လျှောက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ၎င်း က ဖြည့်စွက်ပြောဆိုခဲ့သည်။

 

“ရုရှားနဲ့ ဘယ်လာရုစ်တို့ ပူးပေါင်းပြီးဆောင်ရွက်တဲ့ ဇာပက်-၂၀၂၁ စစ်ရေးလေ့ကျင့်မှုနဲ့ ဘယ်လာရုစ်နိုင်ငံက ရွှေ့ပြောင်းသွားလာသူများအကျပ်အတည်းကို ဖန်တီးဖို့ ကြိုးစားနေတာ တစ်ထပ်တည်းလာဖြစ်နေတဲ့ ဆက်စပ် အကြောင်းအရာဟာ တကယ့်ကို အရေးကြီးပါတယ်။” ဟု ပိုလန် ကာကွယ်ရေးဝန်ကြီး မက်ယူစဗွက်စတတ်ခ် ကပြောသည်။ ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယား သုံးနိုင်ငံစလုံးမှာ တိုက်ခိုက်မှုနှစ်မျိုးစလုံးကို ရင်ဆိုင် ဖြေရှင်းနေရကြောင်း၊ ယင်းခြိမ်းခြောက်မှုကို တုံ့ပြန်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

“ဒေသတွင်းလုံခြုံရေးအတွက် တိကျသေချာအောင်ဆောင်ရွက်နိုင်ရန် ကျွန်တော်တို့ အတူတကွပူးပေါင်းဆောင် ရွက်နေကြပါသည်။” ဆိုသည့်စာသားနှင့်အတူ ပိုလန်ကာကွယ်ရေးဝန်ကြီး မက်ယူစဗွက်စတတ်ခ်က ဘော်လ တစ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ပိုလန်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံနေသည့်ဓာတ်ပုံများကို ပိုလန် ကာ ကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်တွင် တင်ထားခဲ့ပါသည်။ နောက်ဆက်တွဲအနေဖြင့် Silver Arrow 21 စစ်ရေးလေ့ကျင့်မှုတွင် ပိုလန်တပ်ဖွဲ့ဝင်များပါဝင်မှုကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြသခဲ့ပါသည်။

 

“စက်တင်ဘာလ ၂ ရက်နေ့ကတည်းက နိုင်ငံတကာ Silver Arrow 21 စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့တာ ပါ။ ပိုလန်တပ်ဖွဲ့ဝင် ၁၅၀ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ပိုလန်တပ်ဖွဲ့ဝင်တွေကို ယာဉ်တင် M120 Rak guns တွေနဲ့ Rosomak သံချပ်ကာယာဉ်တွေ တပ်ဆင်ပေးထားပါတယ်။” ဟု ပိုလန်ကာကွယ်ရေးဝန်ကြီး မက်ယူစဗွက်စ တတ်ခ်ကပြောသည်။

 

၂၀၁၅ ခုနှစ်က ဥရောပတိုက်တောင်ပိုင်းကိုဖြတ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ အနောက်ဥရောပဒေသသို့ ရောက်ရှိခဲ့ကြကြောင်း၊ လက်ရှိတွင် ဘယ်လာရုစ်နိုင်ငံသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် နောက်ထပ် လမ်းကြောင်းအသစ်တစ်ခုဖွင့်လှစ်ရန် ကြိုးစားနေကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏လုပ်ရပ်ကို ပိုလန်နိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ကာကွယ်ရေးဝန်ကြီး မက်ယူစဗွက်စ တတ်ခ်ကပြောသည်။

 

Ref: Silver Arrow 21: Military exercises in Latvia observed by defense ministers of Baltic states and Poland

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: Silver Arrow 21: Military exercises in Latvia observed by defense ministers of Baltic states and Poland

 

#PeopleMedia


Share this post