• Follow Us on
Latest News

Home ပိုးေတြ႕လူနာအမွတ္ ၇၇၅ နဲ႔ ဆက္စပ္ၿပီး အသြားအလာကန္႔သတ္ထား သည့္အေဆာင္ပိုင္ရွင္အမ်ိဳးသမီး covid -19 ေရာဂါျဖင့္ ေသဆုံး

ပိုးေတြ႕လူနာအမွတ္ ၇၇၅ နဲ႔ ဆက္စပ္ၿပီး အသြားအလာကန္႔သတ္ထား သည့္အေဆာင္ပိုင္ရွင္အမ်ိဳးသမီး covid -19 ေရာဂါျဖင့္ ေသဆုံး

Share this post

ရန္ကုန္၊ စက္တင္ဘာလ ၁၄

လူနာအမွတ္ ၇၇၅ နဲ႔စပ္ဆက္ၿပီး အသြားအလာ ကန္႔သတ္ထားသည့္ အေဆာင္ပိုင္ရွင္ အမ်ိဳးသမီး Covid -19 ေရာဂါျဖင့္ေသဆုံးေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕ကသိရသည္။

အဆိုပါအမ်ိဳးသမီးသည္ မဂၤလာဒုံၿမိဳ႕နယ္ ၊ကုန္းတလေပါင္းေကြၽးရြာရွိ သူပိုင္ဆိုင္သည့္အေဆာင္တြင္ ယခုလ ၁၁ ရက္၊ညေန ၃ နာရီကေသဆုံးေၾကာင္း ၎ကေျပာသည္။

“၃ နာရီေလာက္မွာသူဆုံးတယ္ေပါ႔ေနာ္။သူတို႔အကူညီလွမ္းေတာင္းတယ္ Lock down ခ်ထားတဲ့ရွိက ေသဆုံး တယ္ေပါ႔။ အကူအညီလွမ္းေတာင္းတယ္။သြားသယ္ၿပီး ေမဓါဝီေဆး႐ုံကိုပို႔ေဆာင္ ေပးခဲ့တာပါ” ဟု ပုလဲအရန္မီး သတ္တပ္ဖြဲ႕စခန္းမွဴး ကိုထင္လင္းေအာင္ကေျပာသည္။

၎ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ယေန႔ တြင္ က်န္းမာေရးစစ္ေဆးခ်က္အေျဖအရ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးေၾကာင္းသိရသည္။

ပိုးေတြ႕လူနာအမွတ္ ၇၇၅ သည္အသက္ ၆၈ ႏွစ္အရြယ္ရွိၿပီး ၎အမ်ိဳးသမီးဟာ စစ္ေတြၿမိဳ႕မွရန္ကုန္ကို ေဆးကုသရန္ေရာက္ရွိလာတာျဖစ္ၿပီး အခုဆုံးပါးသြားသည့္ အေဆာင္ပိုင္ရွင္ဆီမွာ တည္းခိုေနထိ္ုင္ ေၾကာင္းသိရသည္။

#PeopleMedia #COVID-19

(unicode)
ပိုးတွေ့လူနာအမှတ် ၇၇၅ နဲ့ ဆက်စပ်ပြီး အသွားအလာကန့်သတ်ထား သည့်အဆောင်ပိုင်ရှင်အမျိုးသမီး covid -19 ရောဂါဖြင့် သေဆုံး
……………………………………………

ရန်ကုန်၊ စက်တင်ဘာလ ၁၄

လူနာအမှတ် ၇၇၅ နဲ့စပ်ဆက်ပြီး အသွားအလာ ကန့်သတ်ထားသည့် အဆောင်ပိုင်ရှင် အမျိုးသမီး Covid -19 ရောဂါဖြင့်သေဆုံးကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ကသိရသည်။

အဆိုပါအမျိုးသမီးသည် မင်္ဂလာဒုံမြို့နယ် ၊ကုန်းတလပေါင်းကျွေးရွာရှိ သူပိုင်ဆိုင်သည့်အဆောင်တွင် ယခုလ ၁၁ ရက်၊ညနေ ၃ နာရီကသေဆုံးကြောင်း ၎င်းကပြောသည်။

“၃ နာရီလောက်မှာသူဆုံးတယ်ပေါ့နော်။သူတို့အကူညီလှမ်းတောင်းတယ် Lock down ချထားတဲ့ရှိက သေဆုံး တယ်ပေါ့။ အကူအညီလှမ်းတောင်းတယ်။သွားသယ်ပြီး မေဓါဝီဆေးရုံကိုပို့ဆောင် ပေးခဲ့တာပါ” ဟု ပုလဲအရန်မီး သတ်တပ်ဖွဲ့စခန်းမှူး ကိုထင်လင်းအောင်ကပြောသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး ယနေ့ တွင် ကျန်းမာရေးစစ်ဆေးချက်အဖြေအရ ကိုဗစ်ရောဂါကြောင့် သေဆုံးကြောင်းသိရသည်။

ပိုးတွေ့လူနာအမှတ် ၇၇၅ သည်အသက် ၆၈ နှစ်အရွယ်ရှိပြီး ၎င်းအမျိုးသမီးဟာ စစ်တွေမြို့မှရန်ကုန်ကို ဆေးကုသရန်ရောက်ရှိလာတာဖြစ်ပြီး အခုဆုံးပါးသွားသည့် အဆောင်ပိုင်ရှင်ဆီမှာ တည်းခိုနေထိ်ုင် ကြောင်းသိရသည်။

#PeopleMedia #COVID-19


Share this post