• Follow Us on

Home ပို္္င္နက္ထဲမွာ႐ွိတဲ့ကိုရီးယားႏွစ္ႏိုင္ငံညွိႏႈိင္းဆက္သြယ္ေရး႐ံုးကို ေျမာက္ကိုရီးယားေဖာက္ခြဲ

ပို္္င္နက္ထဲမွာ႐ွိတဲ့ကိုရီးယားႏွစ္ႏိုင္ငံညွိႏႈိင္းဆက္သြယ္ေရး႐ံုးကို ေျမာက္ကိုရီးယားေဖာက္ခြဲ

Share this post

ဆိုးလ္၊ ဇြန္ ၁၆

ေျမာက္္ကိုရီးယားနယ္စပ္ၿမိဳ႕၊ ေကေဆာင္းနားမွာ႐ွိတဲ့ႏွစ္ႏိုင္ငံညွိႏႈိင္းဆက္သြယ္ေရး႐ံုးကို ေျမာက္ကိုရီးယား ဘက္ကေဖာက္ခြဲလိုက္တယ္လို႔ ေတာင္ကိုရီးယားအရာ႐ွိေတြကေျပာပါတယ္။

ေတာင္ကိုရီးယားကို စစ္ေရးၿခိမ္းေျခာက္မႈေတြလုပ္ၿပီး နာရီပို္င္းအၾကာမွာ အခုျဖစ္ရပ္ျဖစ္လာတာပါ။

ေျမာက္ကိုရီးယားပိုင္နက္မွာ႐ွိတဲ့႐ံုးဟာ ၂၀၁၈ ခုႏွစ္မွာ ကိုရီးယား ၂ ႏိုင္ငံဆက္ဆံရာမွာအေထာက္အကူျဖစ္ဖို႔ ဖြင့္လွစ္ခဲ့ၿပီး ဇန္န၀ါရီကတည္းက COVID-19 ကန္႔သတ္မႈေတြေၾကာင့္ လူမ႐ွိျဖစ္ေနတာပါ။

ေျမာက္ကိုရီးယားႏိုင္ငံကေနေတာင္ကိုရီးယားႏုိင္ငံကိုထြက္ေျပးခဲ့ၿပီး ၀ါဒျဖန္႔လက္ကမ္းစာေစာင္ေတြကို မိုးပ်ံပူ ေဖာင္းေတြနဲ႔ေျမာက္ကိုရီးယားဘက္ပို႔ေနတဲ့လူေတြေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးတင္းမာေနတာ သီတင္းပတ္ခ်ီ ၾကာေနပါၿပီ။

ၿပီးခဲ့တဲ့သီတင္းပတ္အကုန္ကာလမွာ အဲဒီ႐ံုးကို ဆိုး႐ြားတဲ့ျမင္ကြင္းတစ္ခုျဖစ္လာေအာင္ၿဖိဳခ်ဖို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ံဳအြန္ရဲ႕ညီမကင္ယိုဂၽြန္းက ၿခိမ္းေျခာက္တဲ့ထုတ္ျပန္ခ်က္ထုတ္ခဲ့ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံကျပန္လည္ေပါင္းစည္းေရး၀န္ႀကီးဌာနက ေဒသစံေတာ္ခ်ိန္ဒီေန႔ညေနပိုင္းမွာ ညွိႏႈိင္း ဆက္သြယ္ေရး႐ံုးမွာ ေပါက္ကြဲမႈျဖစ္ခဲ့တယ္လို႔ အတည္ျပဳပါတယ္။

အေမရိကန္နဲ႔ႏ်ဴကလီးယားအေရးေဆြးေႏြးညွိႏႈိ္င္းမႈေတြတစ္ဆို႔ေနလို႔ ၾသဇာႀကီးလာေအာင္ အၾကပ္အတည္း တစ္ခုကိုဖန္တီးဖို႔ ေျမာက္ကိုရီးယားဘက္က ျပင္ဆင္ေနတာျဖစ္ႏိုင္တယ္လို႔ ေလ့လာသံုးသပ္သူေတြက ေျပာပါ တယ္။

၁၉၅၃ ခုႏွစ္မွာ ကိုရီးယားစစ္ပြဲၿပီးဆံုးခဲ့ေပမဲ့ ကိုရီးယားႏုိင္ငံဟာ ၿငိမ္းခ်မ္းေရးစာခ်ဳပ္မခ်ဳပ္ရေသးလို႔ စစ္ပြဲကာလ မွာပဲ႐ွိေနပါေသးတယ္။

Ref : North Korea ‘blows up joint liaison office’ with South

#PeopleMedia

(unicode)
ပို်င်နက်ထဲမှာရှိတဲ့ကိုရီးယားနှစ်နိုင်ငံညှိနှိုင်းဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယားဖောက်ခွဲ
…………………………………………………

ဆိုးလ်၊ ဇွန် ၁၆

မြောက်ကိုရီးယားနယ်စပ်မြို့၊ ကေဆောင်းနားမှာရှိတဲ့နှစ်နိုင်ငံညှိနှိုင်းဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယား ဘက်ကဖောက်ခွဲလိုက်တယ်လို့ တောင်ကိုရီးယားအရာရှိတွေကပြောပါတယ်။

တောင်ကိုရီးယားကို စစ်ရေးခြိမ်းခြောက်မှုတွေလုပ်ပြီး နာရီပို်င်းအကြာမှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

မြောက်ကိုရီးယားပိုင်နက်မှာရှိတဲ့ရုံးဟာ ၂၀၁၈ ခုနှစ်မှာ ကိုရီးယား ၂ နိုင်ငံဆက်ဆံရာမှာအထောက်အကူဖြစ်ဖို့ ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီကတည်းက COVID-19 ကန့်သတ်မှုတွေကြောင့် လူမရှိဖြစ်နေတာပါ။

မြောက်ကိုရီးယားနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံကိုထွက်ပြေးခဲ့ပြီး ဝါဒဖြန့်လက်ကမ်းစာစောင်တွေကို မိုးပျံပူ ဖောင်းတွေနဲ့မြောက်ကိုရီးယားဘက်ပို့နေတဲ့လူတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတာ သီတင်းပတ်ချီ ကြာနေပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်အကုန်ကာလမှာ အဲဒီရုံးကို ဆိုးရွားတဲ့မြင်ကွင်းတစ်ခုဖြစ်လာအောင်ဖြိုချဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမကင်ယိုဂျွန်းက ခြိမ်းခြောက်တဲ့ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဒေသစံတော်ချိန်ဒီနေ့ညနေပိုင်းမှာ ညှိနှိုင်း ဆက်သွယ်ရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အမေရိကန်နဲ့နျူကလီးယားအရေးဆွေးနွေးညှိနှို်င်းမှုတွေတစ်ဆို့နေလို့ ဩဇာကြီးလာအောင် အကြပ်အတည်း တစ်ခုကိုဖန်တီးဖို့ မြောက်ကိုရီးယားဘက်က ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါ တယ်။

၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲပြီးဆုံးခဲ့ပေမဲ့ ကိုရီးယားနိုင်ငံဟာ ငြိမ်းချမ်းရေးစာချုပ်မချုပ်ရသေးလို့ စစ်ပွဲကာလ မှာပဲရှိနေပါသေးတယ်။

Ref : North Korea ‘blows up joint liaison office’ with South

#PeopleMedia


Share this post