• Follow Us on

Home ပို့ကုန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေများကို ပေါက်ဈေးအတိုင်း မပျက်မကွက် ရောင်းချကြရန် လုပ်ငန်းရှင်များအား ဗဟိုဘဏ်ညွှန်ကြား

ပို့ကုန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေများကို ပေါက်ဈေးအတိုင်း မပျက်မကွက် ရောင်းချကြရန် လုပ်ငန်းရှင်များအား ဗဟိုဘဏ်ညွှန်ကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄ (People Media)

 

ပို့ကုန်တင်ပို့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက် ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး လေးလ အတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းနှင့် ဘဏ်များအား ဈေးကွက် ပေါက်ဈေးဖြင့် မပျက်မကွက်ရောင်းချကြရန် နိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားလိုက်ကြောင်း သိရသည်။

 

ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီးသည့်နောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသော်လည်း ယခုတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ(ခ)အရ အထက်ပါ ထုတ်ပြန်ချက်အား ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရသည်။

 

“Export အပိုင်းမှာ တချို့ကလည်း မြန်မာပြည်သူကို တန်းပြီးတော့ မသွင်းဘူး (နိုင်ငံခြားငွေ) Singapore မှာ ထားတဲ့သူတွေဘာတွေရှိတယ်။ အရင်တုန်းကတော့ ၆ လ အတွင်း သွင်းဖို့တော့ ပြောတာရှိတယ်၊ အခုကျတော့ ၄ လ ဖြစ်သွားတယ်။ ၄ လ အတွင်းကို မြန်မာပြည်ကို ဝင်အောင်လုပ်ပေးရမှာ” ဟု စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ပြောသည်။

 

အထက်ပါကဲ့သို့ ဆောင်ရွက်လိုက်ခြင်းသည် မြန်မာဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေအား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုစေသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

 

“သူက ပြန်ပြီးတော့ ဒေါ်လာဝင်တာကို ပြန်ပြီးတော့ လိုချင်တဲ့ သဘောပဲ ဒုတိယအချက်ကလည်း Exports ပို့ပြီးတော့ ဒေါ်လာကို ကိုင်ထားကြတာပေါ့ မြန်မာငွေတန်ဖိုးကျမှာစိုးလို့၊ Buyers တွေကလည်း ဝင်ထားတဲ့ ဟာတွေကို ပြန်ရောင်းဖို့ဆိုပြီးတော့ ထုတ်ပြန်ချက်မှာ အဲ့ဒီအချက် နှစ်ချက်ကိုတော့တွေ့ရတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

 

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ -ခ၊ ပုဒ်မ၄၂-က အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့ သည့်နေ့မှ သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိ စေရဟု သတ်မှတ်ထားကြောင်းသိရသည်။

 

Photo – Credit

 

#Peoplemedia #ဗဟိုဘဏ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 

Photo – Credit

 



Share this post