• Follow Us on

Home ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို (AD) လိုင်စင်ရဘဏ်များသို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက် မကွက် ရောင်းချရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို (AD) လိုင်စင်ရဘဏ်များသို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက် မကွက် ရောင်းချရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင် ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

 

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ၊ ပုဒ်မ ၄၁-က နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက်ထည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

AD လိုင်စင်ရဘဏ်များမဟုတ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့သည် ၎င်းတို့ ဝယ်ယူရရှိထားသည့် ပို့ကုန်ရ ငွေကို ရက်ပေါင်း (၃၀) အတွင်း ကိုယ်တိုင်အတွက် သုံးစွဲခြင်း သို့မဟုတ် AD လိုင်စင်ရဘဏ်များသို့ ရောင်း ချခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်ရှိသော ပမာဏကို ရက်ပေါင်း (၃၀) မပြည့်မီကာလအတွင်း AD လိုင်စင်ရဘဏ်များသို့သာ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်ဖြစ်ပြီး၊ အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ထပ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုရဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

 

အထက်ပါဖော်ပြပါအတိုင်း ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေ စတင်ဝင်ရောက်သည့်အချိန်မှစ၍ ပို့ကုန်ရငွေ ရရှိသူမှ တစ်ဆင့်ပြန်လည်ရောင်းချခြင်းအပါအဝင် AD လိုင်စင်ရဘဏ်သို့ အပြီးရောင်းချသည့် အချိန်ကာလ စုစုပေါင်းသည် ရက်ပေါင်း (၃) ထက် မကျော်လွန်ရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

Photo – credit

 

#PeopleMedia #ပို့ကုန် #ဗဟိုဘဏ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post