• Follow Us on

Home ပို႔ေဆာင္ေရး၀န္ႀကီးေဟာင္း ဦးဉာဏ္ထြန္းေအာင္ ျပည္ခိုင္ၿဖိဳး ပါတီကိုယ္စားလွယ္အေနျဖင့္ ႏြားထိုးႀကီးၿမိဳ႕နယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

ပို႔ေဆာင္ေရး၀န္ႀကီးေဟာင္း ဦးဉာဏ္ထြန္းေအာင္ ျပည္ခိုင္ၿဖိဳး ပါတီကိုယ္စားလွယ္အေနျဖင့္ ႏြားထိုးႀကီးၿမိဳ႕နယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၇

ပို႔ေဆာင္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးၿငိမ္း ဦးဉာဏ္ထြန္းေအာင္သည္ ျပည္ခိုင္ျဖဳိးပါတီကိုယ္စားလွ ယ္အေနျဖင့္ ႏြားထိုးႀကီးၿမိဳ႕နယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းသိရသည္။

ႏြားထိုးႀကီးၿမိဳ႕နယ္မွ၀င္ေရာက္ယွဥ္ျပဳိင္မည့္ ျပည္ေထာင္စု၀န္ႀကီးေဟာင္းဦးဉာဏ္ထြန္းေအာင္သည္ ၂၀၁ဝ ျပည့္ႏွစ္ေရြးေကာက္ပြဲတြင္ ႏြားထိုးႀကီးျမဳိ႔နယ္မွ ေထာက္ခံမဲ ၉၈၄၂၃၅ ၉၂.၅၅ ရာခိုင္နႈန္း ျဖင့္အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ဦးဉာဏ္ထြန္းေအာင္သည္ ႏြားထိုးႀကီးျမဳိ႔နယ္ဇာတိတြင္ေမြားဖြားသူတစ္ဦးလည္းျဖစ္ၿပီး အသက္ ၇၂ႏွစ္ရွိၿပီျဖစ္ကာ တပ္မေတာ္ေလတြင္ ဗိုလ္မွဴးႀကီးရာထူးအထိလည္းေကာင္း၊ ပို႔ေဆာင္ေရး၀န္ႀကီးဌာနတြင္ ဒု၀န္ႀကီး၊ ၀န္ႀကီးရာထူးအထိလည္းေကာင္းတာ၀န္မ်ား အသီးသီးထမ္းေဆာင္ခဲ့သည္။

၀န္ႀကီးေဟာင္းဦးဉာဏ္ထြန္းေအာင္သည္ ၎လက္ထက္တြင္ ရန္ကုန္ဆိပ္ကမ္းအားအဆင့္ႁမွင့္တင္၍ ေစ်း၀ယ္စင္တာမ်ား၊ အပန္းေျဖႏိုင္သည့္ ေနရာမ်ား တည္ေဆာက္ရန္ စီမံကိန္းႀကီးတစ္ခုကို တင္ျပခဲ့သူ တစ္ဦးလည္းျဖစ္သည္။

#PeopleMedia

(unicode)
ပို့ဆောင်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်အနေဖြင့် နွားထိုးကြီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၇

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးငြိမ်း ဦးဉာဏ်ထွန်းအောင်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှ ယ်အနေဖြင့် နွားထိုးကြီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီးဟောင်းဦးဉာဏ်ထွန်းအောင်သည် ၂၀၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် နွားထိုးကြီးမြို့နယ်မှ ထောက်ခံမဲ ၉၈၄၂၃၅ ၉၂.၅၅ ရာခိုင်နှုန်း ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဦးဉာဏ်ထွန်းအောင်သည် နွားထိုးကြီးမြို့နယ်ဇာတိတွင်မွေားဖွားသူတစ်ဦးလည်းဖြစ်ပြီး အသက် ၇၂နှစ်ရှိပြီဖြစ်ကာ တပ်မတော်လေတွင် ဗိုလ်မှူးကြီးရာထူးအထိလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီး၊ ဝန်ကြီးရာထူးအထိလည်းကောင်းတာဝန်များ အသီးသီးထမ်းဆောင်ခဲ့သည်။

ဝန်ကြီးဟောင်းဦးဉာဏ်ထွန်းအောင်သည် ၎င်းလက်ထက်တွင် ရန်ကုန်ဆိပ်ကမ်းအားအဆင့်မြှင့်တင်၍ ဈေးဝယ်စင်တာများ၊ အပန်းဖြေနိုင်သည့် နေရာများ တည်ဆောက်ရန် စီမံကိန်းကြီးတစ်ခုကို တင်ပြခဲ့သူ တစ်ဦးလည်းဖြစ်သည်။

#PeopleMedia


Share this post