• Follow Us on

Home ပုဇွန်တောင်မြို့နယ်၌ ဟင်းရွက်ရောင်းနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

ပုဇွန်တောင်မြို့နယ်၌ ဟင်းရွက်ရောင်းနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးထိပ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ ယနေ့ နံနက်၌ အသက် ၂၀ အရွယ်ရှိ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားပါတယ်။

 

“မနက်ကလေးတင်ဖြစ်သွားတာ သေနတ်သံသုံးချက်လောက်တော့ကြားတယ်၊ အပြင်ထွက်ကြည်တော့ အဲ့ဒီ အပစ်ခံရတဲ့ အမျိုးသမီးက တုံးလုံးကြီးလဲနေပြီ။ ခဏနေတော့ လူမှုကူညီရေးက အဖွဲ့တွေ လာပြီးတော့ သယ်သွားတယ် သေသလားရှင်သလားလို့တော့ မသိဘူး”ဟု ဖြစ်စဉ်ဖြစ်ပွားသည့်အနီးတွင် အလုပ်လုပ်ကိုင် နေသည့် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဖြစ်စဉ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပုဇွန်တောင်ရေကျော်ဈေးနှင့် ဗိုလ်တ ထောင်မြို့နယ် အနီးတစ်ဝိုက်ကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိ နေရာ ယင်းဖြစ်စဉ်အလားတူ မင်္ဂလာဒုံမြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

Photo – CJ

 

#PeopleMedia #ပုဇွန်တောင်

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post