• Follow Us on

Home ပုဇွန်တောင် ရေကျော်ဈေးတွင် ဟင်းရွက်ရောင်းချသော အမျိုးသမီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် 44 st UG အဖွဲ့နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းဗုံးခွဲခဲ့သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ၁၃ ဦး ဖမ်းဆီးခံရ

ပုဇွန်တောင် ရေကျော်ဈေးတွင် ဟင်းရွက်ရောင်းချသော အမျိုးသမီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် 44 st UG အဖွဲ့နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းဗုံးခွဲခဲ့သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ၁၃ ဦး ဖမ်းဆီးခံရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၃ (People Media)

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)သို့ ထမင်းချိုင့်ပို့သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးတွင်ဟင်းရွက်ရောင်းချသော အမျိုးသမီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် 44 st UG နှင့် Pazun daung Botahtaung Youth Strike Committe (PBYSC)၊ BRF-Burmese Revolution Force၊ Yangon Anti-Dictatorship အဖွဲ့မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း န-စ-က မှ သတင်းထုတ်ပြန်ထားပါတယ်။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့ နယ်များတွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ ဣစ္ဆာသယလမ်း၊ သုမင်္ဂလာအိမ်ရာ၊ ၃ လွှာ၊ အခန်း (၃၀၁)၊ တိုက်အမှတ်(၁)၌ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာတွင် အထက်ပါကဲ့သို့ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

အထက်ပါ ဖမ်းမိသူများစာရင်းတွင် နိုင်ရဲထွန်း(၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့်(၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင် (၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်၊ မောင်မျိုး(၁၉)နှစ်၊ ချစ်ပုံ(၁၈)နှစ်နှင့် မျိုးသက်ထွေး(၄၀)နှစ်၊ အောင်နိုင်ဦး (၂၃)နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၃ ဦးအား FCG 9 သေနတ် ၆ လက်၊ ပွိုင့်-၄၅ COLTs ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၂ တောင့်၊ ပွိုင့် ၄၅ ကျည် ၅ တောင့်၊ ပွိုင့် ၃၈ ကျည် ၂၀ တောင့်၊ FCG 9 ကျည်အိမ် ၈ ခု၊ ပစ္စတို ကျည်အိမ် ၁ ခု၊ လက်လုပ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အထက်ပါဖမ်းဆီးရမိသူများသည် ရန်ကုန်မြို့တွင်းတွင် ဖောက်ခွဲရေးလုပ်ငန်းများနှင့် ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးတွင်ဟင်းရွက်ရောင်းချသော အမျိုးသမီးကို လုပ်ကြံသတ်ဖြတ်မှုအပါအဝင် အခြားသော ပြစ်မှုများကို ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

#PeopleMedia #ရေကျော်

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post