• Follow Us on

Home ပုဏၰားကၽြန္းၿမိဳ႕ ကြမ္းယာဆုိင္၌ လက္နက္ႀကီး က်ည္ႏွစ္လုံး ခ်ိတ္ဆြဲထား၊ AA အဖြဲ႕၏ လုပ္ရပ္ျဖစ္ဟု ေဒသခံမ်ား ေျပာဆုိ

ပုဏၰားကၽြန္းၿမိဳ႕ ကြမ္းယာဆုိင္၌ လက္နက္ႀကီး က်ည္ႏွစ္လုံး ခ်ိတ္ဆြဲထား၊ AA အဖြဲ႕၏ လုပ္ရပ္ျဖစ္ဟု ေဒသခံမ်ား ေျပာဆုိ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၄
 
ရခုိင္ျပည္နယ္၊ပုဏၰားကၽြန္းျမိဳ႕နယ္ရွိ ကြမ္းယာဆုိင္၌ လက္နက္ၾကီး က်ည္ႏွစ္လုံး ခ်ိတ္ဆြဲထားမႈ ျဖစ္စဥ္ေပၚေပါက္ခဲ့ေၾကာင္း ပုဏၰားကၽြန္းျမိဳ႕ ေဒသခံအခ်ဳိ႕က စက္တင္ဘာ(၁၄)ရက္၌ PeopleMedia သုိ႔ ဆက္သြယ္ေျပာဆုိခဲ့ပါတယ္။
 
“ခ်ိတ္ထားတဲ့ေနရာက ပုဏၰားကၽြန္းျမိဳ႕၊ရြာေဟာင္းပုိင္ရပ္ကြက္မွာရွိတဲ့ ျပည္ေက်ာ္ကြမ္းယာဆုိင္မွာ လာခ်ိတ္ထားတာပါ။ကြမ္းယာဆုိင္က ပိတ္ထားတဲ့ဆုိင္ပါ။ စစ္ေတြ-ရန္ကုန္ကားလမ္းမေဘးမွာရွိတဲ့ ကြမ္းယာဆုိင္ပါ။ဒီလုပ္ရပ္က တပ္မေတာ္ရဲ႕ေဆာင္ရြက္ခ်က္ မျဖစ္ႏုိင္ပါဘူး။ AA အဖြဲ႔ေတြရဲ႕ ေဆာင္ရြက္ခ်က္ပါ” လုိ႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။
 
အဆုိပါ လက္နက္ၾကီး က်ည္ႏွစ္လုံးကုိ ရွင္းလင္းဖယ္ရွားေပးရန္ ေဒသခံမ်ာက သက္ဆုိင္ရာ ျမိဳ႕နယ္ရဲစခန္းႏွင့္အုပ္ခ်ဳပ္ေရးအဖြဲ႔ထံ တင္ျပေတာင္းဆုိခဲ့ၾကပါတယ္။
 
လက္နက္ႀကီးက်ည္ဆံႏွစ္လုံးကို စက္တင္ဘာ ၁၄ ရက္၊ ညေန ၄ နာရီအခ်ိန္ထိ သက္ ဆိုင္ရာမွ လာေရာက္ရွင္းလင္းေပးျခင္းမရွိေသးေၾကာင္း ပု႑ားကၽြန္းၿမိဳ႕၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက အတည္ျပဳေျပာဆိုခဲ့ပါတယ္။
 
ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ားရွိ AA အဖြဲ႔လႈပ္ရွားေနေျမမ်ားကုိ တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္လ်က္ရွိသလုိ AA အဖြဲ႔ကလည္း တပ္မေတာ္စစ္ေၾကာင္းမ်ား သြားလာလႈပ္ရွားသည့္ လမ္းေၾကာင္းမ်ားကုိ မုိင္းခြဲတုိက္ခုိက္မႈမ်ား ျပဳလုပ္လ်က္ရွိပါတယ္။
 
အလားတူ တပ္မေတာ္ႏွင့္AA အဖြဲ႔၏ တုိက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားသည္ ထိခုိက္ေသဆုံးမႈမ်ား ခံစားရလ်က္ရွိပါတယ္။ ဆက္လက္ေဖာ္ျပမည္။
 
#PeopleMedia #ရခုိင္ျပည္နယ္အစုိးရအဖြဲ႔ #ပုဏၰားကၽြန္းၿမိဳ႕
 
(unicode)
ပုဏ္ဏားကျွန်းမြို့ ကွမ်းယာဆိုင်၌ လက်နက်ကြီး ကျည်နှစ်လုံး ချိတ်ဆွဲထား၊ AA အဖွဲ့၏ လုပ်ရပ်ဖြစ်ဟု ဒေသခံများ ပြောဆို
………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၁၄
 
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းယာဆိုင်၌ လက်နက်ကြီး ကျည်နှစ်လုံး ချိတ်ဆွဲထားမှု ဖြစ်စဉ်ပေါ်ပေါက်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့ ဒေသခံအချို့က စက်တင်ဘာ(၁၄)ရက်၌ PeopleMedia သို့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။
 
“ချိတ်ထားတဲ့နေရာက ပုဏ္ဏားကျွန်းမြို့၊ရွာဟောင်းပိုင်ရပ်ကွက်မှာရှိတဲ့ ပြည်ကျော်ကွမ်းယာဆိုင်မှာ လာချိတ်ထားတာပါ။ကွမ်းယာဆိုင်က ပိတ်ထားတဲ့ဆိုင်ပါ။ စစ်တွေ-ရန်ကုန်ကားလမ်းမဘေးမှာရှိတဲ့ ကွမ်းယာဆိုင်ပါ။ဒီလုပ်ရပ်က တပ်မတော်ရဲ့ဆောင်ရွက်ချက် မဖြစ်နိုင်ပါဘူး။ AA အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်ပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
 
အဆိုပါ လက်နက်ကြီး ကျည်နှစ်လုံးကို ရှင်းလင်းဖယ်ရှားပေးရန် ဒေသခံမျာက သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှင့်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
 
လက်နက်ကြီးကျည်ဆံနှစ်လုံးကို စက်တင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီအချိန်ထိ သက် ဆိုင်ရာမှ လာရောက်ရှင်းလင်းပေးခြင်းမရှိသေးကြောင်း ပုဏ္ဍားကျွန်းမြို့၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ AA အဖွဲ့လှုပ်ရှားနေမြေများကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသလို AA အဖွဲ့ကလည်း တပ်မတော်စစ်ကြောင်းများ သွားလာလှုပ်ရှားသည့် လမ်းကြောင်းများကို မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါတယ်။
 
အလားတူ တပ်မတော်နှင့်AA အဖွဲ့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ထိခိုက်သေဆုံးမှုများ ခံစားရလျက်ရှိပါတယ်။ ဆက်လက်ဖော်ပြမည်။
 
#PeopleMedia #ရခိုင်ပြည်နယ်အစိုးရအဖွဲ့ #ပုဏ္ဏားကျွန်းမြို့

Share this post