• Follow Us on

Home ပုဗၺသီရိၿမိဳ႕နယ္၌ အိမ္ရွင္အားသတ္၍ ပစၥည္းမ်ားခိုးယူသြားသည့္ တရားခံအား ဖမ္းဆီးရမိ

ပုဗၺသီရိၿမိဳ႕နယ္၌ အိမ္ရွင္အားသတ္၍ ပစၥည္းမ်ားခိုးယူသြားသည့္ တရားခံအား ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၄

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၉ ရက္ ည ၇ နာရီခန႔္တြင္ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ေညာင္ပင္ႀကီးစုေက်းရြာ သေျပလမ္းရွိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ညႊန္မႉး၏ ေနအိမ္ၿခံဝင္းအတြင္း၌ အမ်ိဳးသမီး ၁ ဦး ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့သည္။

အဆိုပါ ျဖစ္စဥ္အေပၚ ပူးေပါင္းအဖြဲ႕မွ သြားေရာက္စစ္ေဆးရာ ေနအိမ္ၿခံဝင္းအတြင္း၌ ဇနီးျဖစ္သူ ေဒၚေမာ္ေမာ္လြင္စိုး(၅၂)ႏွစ္အား ဦးေခါင္းေပါက္ျပဲ/ ျပတ္ရွဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ၿပီး အိပ္ခန္းအတြင္းရွိ မီးခံေသတၱာအတြင္းမွ ေရႊထည္ပစၥည္းမ်ားႏွင့္ ၎ကိုင္ေဆာင္သည့္ Samsung ဖုန္း ၁ လုံး(စုစုေပါင္း တန္ဖိုးေငြက်ပ္ ၁၆၀ သိန္းခန႔္)တို႔ ေပ်ာက္ဆုံးေနသည္ကို ေတြ႕ရွိခဲ့သျဖင့္ ဥပေဒႏွင့္အညီ အမႈဖြင့္စစ္ေဆး၍ တရားခံ ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ပါသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ မႈခင္းရဲတပ္ဖြဲ႕ႏွင့္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕ဝင္မ်ားက တရားခံေဖာ္ထုတ္ နိုင္ေရး စုံစမ္းေထာက္လွမ္းေနခ်ိန္ ေအာက္တိုဘာလ ၁၃ ရက္ေန႔တြင္ တရားခံဟုယူဆရသူသည္ သေျပကုန္းေဈးအတြင္းရွိ ေရႊဆိုင္တစ္ဆိုင္သို႔ ေရႊဆြဲႀကိဳးလာေရာက္ေပါင္ႏွံရာ ေရႊဝယ္ေဘာင္ခ်ာ မပါရွိ သျဖင့္ ဆိုင္မွလက္မခံေသာေၾကာင့္ ဆိုင္ကယ္ျဖင့္ ျပန္လည္ထြက္ခြါသြားေၾကာင္း သတင္းရရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားမွ CCTV မွတ္တမ္းမ်ားအရ စီးနင္းလာသည့္ ဆိုင္ကယ္နံပါတ္ႏွင့္ လူပုံသ႑ာန္အား စိစစ္ရရွိခဲ့ေၾကာင္း၊ ေအာက္တိုဘာလ ၁၄ ရက္ေန႔တြင္ ယင္းနံပါတ္ပါ ဆိုင္ကယ္၏သြားလာလႈပ္ရွား မႈကို ေစာင့္ၾကည့္ေနစဥ္ အဆိုပါမသကၤာတရားခံသည္ ၿမိဳ႕မေဈးရွိ ေရႊဆိုင္တစ္ဆိုင္သို႔ ေရႊဆြဲႀကိဳး တစ္ကုံးအား ထပ္မံလာေရာက္ေရာင္းခ်သည္ကိုေတြ႕ရွိရ၍ ဥပေဒႏွင့္အညီဖမ္းဆီးစစ္ေဆးခဲ့ရာ ၎မွာ ဒကၡိဏသီရိၿမိဳ႕နယ္၊ ထန္းတပင္ေက်းရြာေန ၾကည္ရွိန္(၄၆)ႏွစ္၊ (ဖ)ဦးသန္းရွိန္ျဖစ္ၿပီး ၎ေရာင္းခ် သည့္ ေရႊဆြဲႀကိဳးမွာ ပုဗၺသီရီၿမိဳ႕နယ္၊ သေျပလမ္းေန ေဒၚေမာ္ေမာ္လြင္စိုးအားသတ္၍ ေနအိမ္မွခိုးယူ သြားသည့္ ေရႊထည္ပစၥည္းျဖစ္သည္ကို စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

တရားခံ ၾကည္ရွိန္၏ ကနဦးအစစ္ခံခ်က္အရ စက္တင္ဘာလ ၉ ရက္ ညေန ၅ နာရီခြဲခန႔္တြင္ ေနအိမ္မွ တစ္ဦးတည္း ဆိုင္ကယ္ျဖင့္ထြက္ခြါလာခဲ့ၿပီး ေညာင္ပင္ႀကီးစုေက်းရြာရွိ က်ိဳက္ထီးရိုးေလး ဘုန္းႀကီးေက်ာင္းေရွ႕တြင္ ဆိုင္ကယ္အားရပ္ကာ လမ္းေလၽွာက္ထြက္ခြါခဲ့ၿပီး ညေန ၆ နာရီခြဲခန႔္တြင္ ပစၥည္းမ်ားခိုးယူရန္ အခင္းျဖစ္ ေနအိမ္ၿခံဝင္းအတြင္းသို႔ အုတ္တံတိုင္းၿခံစည္းရိုးအားေက်ာ္၍ ဝင္ေရာက္ ခဲ့ေၾကာင္း၊ ေနအိမ္အတြင္းသို႔ ေနာက္ေဖးမီးဖိုေခ်ာင္အေပါက္မွ ဝင္ေရာက္ကာ မီးဖိုေခ်ာင္အတြင္းရွိ ဓားတစ္ေခ်ာင္းအားယူေဆာင္၍ ေနအိမ္အိပ္ခန္းအတြင္းသို႔ ဝင္ေရာက္စဥ္ အိမ္ရွင္ ေဒၚေမာ္ေမာ္လြင္စိုးႏွင့္ ေတြ႕ဆုံခဲ့ရာ ေဒၚေမာ္ေမာ္လြင္စိုးမွာ ေနအိမ္ေရွ႕ေပါက္မွ အျပင္ၿခံဝန္းအတြင္းသို႔ ထြက္ေျပးသြားခဲ့၍ ေနာက္မွ လိုက္ကာ ဓားျဖင့္ထိုးစဥ္ လဲက်သြား၍ အနီးရွိ တုတ္/အုတ္ခဲျဖင့္ ထပ္မံထုရိုက္ရာ ေသဆုံးသြားခဲ့ေၾကာင္း၊ ၎ေနာက္ ေနအိမ္အတြင္းသို႔ ထပ္မံဝင္ေရာက္ၿပီး ေသာ့တန္းလန္းျဖစ္ေနေသာ မီးခံေသတၱာအတြင္းရွိ ေရႊထည္ပစၥည္းမ်ားႏွင့္ စားပြဲေပၚရွိ ဖုန္းတို႔အားယူေဆာင္ကာ ျပန္လည္ထြက္ခြါခဲ့ေၾကာင္း၊ ယင္းရပ္ကြက္ အေနျဖင့္ လူေနက်ဲၿပီး လူသြားလူလာျပတ္လပ္ေၾကာင္း၊ ၎ေနအိမ္တြင္ မိသားစုနည္းၿပီး တခါတရံ အမ်ိဳးသမီးတစ္ဦးတည္း ရွိေၾကာင္းသိရွိၿပီး ခိုးယူရန္အႀကံျဖင့္ ယခင္ရက္ကတည္းက ၎အိမ္အေၿခ အေနအား ႀကိဳတင္ေလ့လာျပင္ဆင္ ခိုးယူ/လူသတ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ဥပေဒ ႏွင့္အညီ ထိေရာက္စြာအေရးယူနိုင္ေရးေဆာင္ရြက္လ်က္ရွိေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #ေနျပည္ေတာ္ေကာင္စီ #ရဲဇာနည္

(unicode)
ပုဗ္ဗသီရိမြို့နယ်၌ အိမ်ရှင်အားသတ်၍ ပစ္စည်းများခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိ …………………………………………………………….
နေပြည်တော်၊ အောက်တိုဘာ ၁၄ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက် ည ၇ နာရီခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ သပြေလမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်မှူး၏ နေအိမ်ခြံဝင်းအတွင်း၌ အမျိုးသမီး ၁ ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပေါ် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ နေအိမ်ခြံဝင်းအတွင်း၌ ဇနီးဖြစ်သူ ဒေါ်မော်မော်လွင်စိုး(၅၂)နှစ်အား ဦးခေါင်းပေါက်ပြဲ/ ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ၎င်းကိုင်ဆောင်သည့် Samsung ဖုန်း ၁ လုံး(စုစုပေါင်း တန်ဖိုးငွေကျပ် ၁၆၀ သိန်းခန့်)တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေး၍ တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် နေပြည်တော်ရဲတပ်ဖွဲ့ဝင်များက တရားခံဖော်ထုတ် နိုင်ရေး စုံစမ်းထောက်လှမ်းနေချိန် အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရားခံဟုယူဆရသူသည် သပြေကုန်းဈေးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုးလာရောက်ပေါင်နှံရာ ရွှေဝယ်ဘောင်ချာ မပါရှိ သဖြင့် ဆိုင်မှလက်မခံသောကြောင့် ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများအရ စီးနင်းလာသည့် ဆိုင်ကယ်နံပါတ်နှင့် လူပုံသဏ္ဍာန်အား စိစစ်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ယင်းနံပါတ်ပါ ဆိုင်ကယ်၏သွားလာလှုပ်ရှား မှုကို စောင့်ကြည့်နေစဉ် အဆိုပါမသင်္ကာတရားခံသည် မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ ရွှေဆွဲကြိုး တစ်ကုံးအား ထပ်မံလာရောက်ရောင်းချသည်ကိုတွေ့ရှိရ၍ ဥပဒေနှင့်အညီဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းမှာ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာနေ ကြည်ရှိန်(၄၆)နှစ်၊ (ဖ)ဦးသန်းရှိန်ဖြစ်ပြီး ၎င်းရောင်းချ သည့် ရွှေဆွဲကြိုးမှာ ပုဗ္ဗသီရီမြို့နယ်၊ သပြေလမ်းနေ ဒေါ်မော်မော်လွင်စိုးအားသတ်၍ နေအိမ်မှခိုးယူ သွားသည့် ရွှေထည်ပစ္စည်းဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။ တရားခံ ကြည်ရှိန်၏ ကနဦးအစစ်ခံချက်အရ စက်တင်ဘာလ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် နေအိမ်မှ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ထွက်ခွါလာခဲ့ပြီး ညောင်ပင်ကြီးစုကျေးရွာရှိ ကျိုက်ထီးရိုးလေး ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်အားရပ်ကာ လမ်းလျှောက်ထွက်ခွါခဲ့ပြီး ညနေ ၆ နာရီခွဲခန့်တွင် ပစ္စည်းများခိုးယူရန် အခင်းဖြစ် နေအိမ်ခြံဝင်းအတွင်းသို့ အုတ်တံတိုင်းခြံစည်းရိုးအားကျော်၍ ဝင်ရောက် ခဲ့ကြောင်း၊ နေအိမ်အတွင်းသို့ နောက်ဖေးမီးဖိုချောင်အပေါက်မှ ဝင်ရောက်ကာ မီးဖိုချောင်အတွင်းရှိ ဓားတစ်ချောင်းအားယူဆောင်၍ နေအိမ်အိပ်ခန်းအတွင်းသို့ ဝင်ရောက်စဉ် အိမ်ရှင် ဒေါ်မော်မော်လွင်စိုးနှင့် တွေ့ဆုံခဲ့ရာ ဒေါ်မော်မော်လွင်စိုးမှာ နေအိမ်ရှေ့ပေါက်မှ အပြင်ခြံဝန်းအတွင်းသို့ ထွက်ပြေးသွားခဲ့၍ နောက်မှ လိုက်ကာ ဓားဖြင့်ထိုးစဉ် လဲကျသွား၍ အနီးရှိ တုတ်/အုတ်ခဲဖြင့် ထပ်မံထုရိုက်ရာ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် နေအိမ်အတွင်းသို့ ထပ်မံဝင်ရောက်ပြီး သော့တန်းလန်းဖြစ်နေသော မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများနှင့် စားပွဲပေါ်ရှိ ဖုန်းတို့အားယူဆောင်ကာ ပြန်လည်ထွက်ခွါခဲ့ကြောင်း၊ ယင်းရပ်ကွက် အနေဖြင့် လူနေကျဲပြီး လူသွားလူလာပြတ်လပ်ကြောင်း၊ ၎င်းနေအိမ်တွင် မိသားစုနည်းပြီး တခါတရံ အမျိုးသမီးတစ်ဦးတည်း ရှိကြောင်းသိရှိပြီး ခိုးယူရန်အကြံဖြင့် ယခင်ရက်ကတည်းက ၎င်းအိမ်အခြေ အနေအား ကြိုတင်လေ့လာပြင်ဆင် ခိုးယူ/လူသတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #နေပြည်တော်ကောင်စီ #ရဲဇာနည်


Share this post