• Follow Us on
Latest News

Home ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို PDF အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ ပြည်သူများမှ ပြန်လည်တိုက်ခိုက်မှုကြောင့် PDF အဖွဲ့များ အကျဆုံးများစွာဖြင့် ထွက်ပြေး

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို PDF အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ ပြည်သူများမှ ပြန်လည်တိုက်ခိုက်မှုကြောင့် PDF အဖွဲ့များ အကျဆုံးများစွာဖြင့် ထွက်ပြေး

Share this post

ပုလဲ၊ မတ် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို  PDF အကြမ်းဖက်သမားများ လာရောက် တိုက်ခိုက်ခဲ့သော်လည်း ဒေသခံပြည်သူများမှ ပြန်လည်တိုက်ခိုက်မှုကြောင့် PDF အဖွဲ့များ အကျဆုံး များစွာဖြင့်ထွက်ပြေးခဲ့ရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲခန့်က စစ်ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို PDF အကြမ်းဖက် သောင်းကျန်းသူများမှ အင်အားများအပြားဖြင့် လာရောက်တိုက်ခိုက်ရာ ကျေးရွာလုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် PDF အကြမ်းဖက်သောင်းကျန်းသူများထိခိုက်ဒဏ်ရာအများအပြားရရှိကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 

အဆိုပါ PDF အဖွဲ့သည် ထွက်ပြေးစဉ်အတွင်း၌ ကျေးရွာအထွက်ရှိ လူနေအိမ် ၁၀ လုံးခန့်အား မီးရှို့ဖျက်ဆီး သွားသည်။

 

#PeopleMedia

 

(unicode)


……………………………

 


 


 


 


 

#PeopleMedia


Share this post