• Follow Us on
Latest News

Home ပုလဲမြို့နှင့် ယင်းမာပင်မြို့နယ် နယ်ခြား၊ ပုထိုးသာကျေးရွာအနီးရှိ PDF စခန်းကို လေကြောင်းချီတပ်ဖွဲ့များဖြင့် ရှင်းလင်းနေ

ပုလဲမြို့နှင့် ယင်းမာပင်မြို့နယ် နယ်ခြား၊ ပုထိုးသာကျေးရွာအနီးရှိ PDF စခန်းကို လေကြောင်းချီတပ်ဖွဲ့များဖြင့် ရှင်းလင်းနေ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၃ (People Media)

 

ယနေ့ မွန်းလွဲပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နှင့် ယင်းမာပင်မြို့နယ် နယ်ခြား၊ ပုထိုးသာကျေးရွာအနီးရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက လေကြောင်း၊ မြေပြင်စစ်ကြောင်း အသုံးပြု၍ ရှင်းလင်းခဲ့ကြောင်း ဒေသခံ များကပြောသည်။

 

ယနေ့ မွန်းလွဲပိုင်း၌ လုံခြုံရေးအဖွဲ့များသည် PDF စခန်း တည်ရှိရာ အနီးကို လေကြောင်းချီ တပ်များချပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သလို မြေပြင်စစ်ကြောင်းများဖြင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

လက်ရှိအချိန်၌ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဘက်ထိခိုက်မှုများနှင့် ပတ်သက်ပြီး People Media အနေဖြင့် မြေပြင်အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း PDF ခေါင်းဆောင် ဗိုလ်နဂါးတည်ရှိရာ နေရာကို လုံခြုံရေးအဖွဲ့များက လေကြောင်းချီတပ်ဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခဲ့သော်လည်း ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပါ။

 

န-မ-ခတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဖြိုးသန့်ကို တာဝန်မှ ပြောင်းရွှေ့ပြီးနောက် လက်ရှိ န-မ-ခ တိုင်းမှူးတာဝန်ကို ဗိုလ်ချုပ်သန်းထိုက်က တာဝန်ယူလျက်ရှိသည်။

 

ဗိုလ်ချုပ်သန်းထိုက်သည် ကလေးမြို့ အခြေစိုက် စ-က-ခ ၁၀ တပ်မမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

လက်ရှိ န-မ-ခ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်သည် န-မ-ခ နယ်မြေအတွင်းရှိ PDF လှုပ်ရှားသည့် နေရာ များကို လေကြောင်းချီတပ်များ အသုံးပြုပြီး တိုက်ခိုက်လျက်ရှိသည်။

 

ထို့အတူ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ မီးလောင်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သလို ဒေသခံများ သည်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

 

#PeopleMedia #နမခ #PDF

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post