• Follow Us on

Home ပုသိမ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအကြီးအကဲများထံ ဖုန်းဆက်ပြီး PDF အဖွဲ့မှ အလှူခံခြင်းများပြုလုပ်နေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သတင်းထုတ်ပြန်

ပုသိမ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအကြီးအကဲများထံ ဖုန်းဆက်ပြီး PDF အဖွဲ့မှ အလှူခံခြင်းများပြုလုပ်နေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သတင်းထုတ်ပြန်

Share this post

ပုသိမ်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာအကြီးအကဲများထံ ဖုန်းဆက်ပြီး PDF အဖွဲ့မှ အလှူခံခြင်းများပြုလုပ်နေကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဒီဇင်ဘာ ၂၀ ရက်၌ သတင်းထုတ်ပြန်မှု ပြုလုပ်ထားသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ယခုတလောတွင် ပုသိမ်မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီရုံးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များ အား စုံစမ်းရယူပြီး PDF အဖွဲ့အစည်းများမှ ဖုန်းဆက်၍အလှူခံခြင်း၊ Viber များမှတဆင့်ချိတ်ဆက်ပြောဆို အလှူခံခြင်း၊ wave မှတဆင့် ငွေလွှဲစေခြင်းများ ပြုလုပ်ခိုင်ပြီး၊ ပေးပို့မှုမရှိပါက အသက်အန္တရာယ် ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုမူလာသည်ကို စစ်ဆေး‎တွေ့ရှိရကြောင်း ဖော်ပြထားသည်။

 

ထိုသို့ပြုမူလာခြင်းများ ကြုံတွေ့လာပါက ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ နီးစပ်ရာလုံခြုံရေးအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များထံ အချိန်မီသတင်းပို့ပေးကြပါရန် ထုတ်ပြန်ထားသည်။

 

သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ အဆိုပါဆက်သွယ်လာသည့် ဖုန်းနံပါတ်၏ တည်နေရာကို ရှာဖွေ ကြည့်ခြင်းဖြင့် ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post