• Follow Us on

Home ပုသိမ်မြို့နယ်၌ ပုဒ်မ-၁၄၄ အမိန့် သက်တမ်း နှစ်လ ထပ်မံတိုးမြှင့်

ပုသိမ်မြို့နယ်၌ ပုဒ်မ-၁၄၄ အမိန့် သက်တမ်း နှစ်လ ထပ်မံတိုးမြှင့်

Share this post

Open photo

ပုသိမ်၊ ဒီဇင်ဘာ ၁၆ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဒ်မ-၁၄၄ အမိန့်ကို သက်တမ်း နှစ်လ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

 

ပုဒ်မ-၁၄၄ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်၌ ပုသိမ် မြို့နယ် နယ်နိမိတ်အတွင်းရှိ လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်ပျက်ပြားစေရန် ပြစ်မှုဆောင်ရွက်နေမှုများ ထပ်မံတွေ့ရှိနေရသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အမိန့် သက်တမ်း နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းကဲ့သို့ ထုတ်ပြန်ခြင်းကြောင့် ပုသိမ်မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံး ပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း သိရသည်။

 

ထို့အပြင် လှုံ့ဆော်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက်ပိုသောသူများသည် ပုသိမ်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွား လာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊  ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမူခြင်းတို့မပြုရန်နှင့် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မရှိဘဲ လမ်းများပေါ်သို့ တက်ရောက်သွားလာခြင်းမပြုရန်၊ ညမထွက်ရအမိန့် ထုတ်ဆင့်လိုက်ကြောင်း သိရ သည်။

 

ဤအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ (၂) လ အတည်ဖြစ် ကြောင်း သိရသည်။

 

#PeopleMedia #ပုသိမ်မြို့ #ပုဒ်မ၁၄၄

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post