• Follow Us on

Home ပုသိမ်မြို့နယ်၌ လုံခြုံရေးအဖွဲ့များမှ ငွေကြေးကောက်ခံမှုများရှိလျင် တိုင်ကြားနိုင်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ပြောဆို

ပုသိမ်မြို့နယ်၌ လုံခြုံရေးအဖွဲ့များမှ ငွေကြေးကောက်ခံမှုများရှိလျင် တိုင်ကြားနိုင်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ပြောဆို

Share this post

ပုသိမ်၊ အောက်တိုဘာ ၆ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ လုံခြုံရေးအဖွဲ့များက ငွေကြေးကောက်ခံခြင်းများရှိနေလျှင် တိုင်ကြားနိုင်ကြောင်း ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

 

အလားတူ အချို့သောမီဒီယာများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ထုတ်ပြန်ထားသော ဓါတ်ပုံများကို အသုံးပြုပြီး လုံခြုံရေးအဖွဲ့များသည် ငွေကြေးကောက်ခံနေကြောင်း ဖော်ပြနေခြင်းသည် စွပ်စွဲဝါဒဖြန့်နေခြင်း သာဖြစ်ကြောင်း ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ပြောဆိုသည်။

 

ထို့အပြင် ငွေကြေးတောင်းခံမှုများကို တိုင်ကြားလာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် ထွေအုပ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လဝကနှင့် ဒေသခံတို့ဖြင့် ဖွဲ့စည်း ထားသည့် တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။

 

အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ပုသိမ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ဌာန ဆိုင်ရာ၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နေပြီး လုံခြုံရေးအရ မြို့အဝင်အထွက်ဂိတ်စခန်းများအား စစ် ဆေးခြင်း၊ ရေကြောင်းအဝင်အထွက်များအား စစ်ဆေးခြင်း၊ ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ဆေးခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

 

#PeopleMedia #ပုသိမ် #လုံခြုံရေးအဖွဲ့

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post