• Follow Us on

Home ပုသိမ်မြို့ရှိ NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီး

ပုသိမ်မြို့ရှိ NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီး

Share this post

ပုသိမ်၊ အောက်တိုဘာ ၂၉ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ပုသိမ်မြို့နယ် NLD ပါတီရုံးသည် ယနေ့နံနက်ပိုင်းက  ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

အဆိုပါ ပါတီရုံးသည် ၃ ထပ်တိုက်အဆောက်အဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှသာ ပြီးစီးထား သည့် အဆောက်အဦးသစ်တစ်လုံးဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒီနေ့ မနက် ၃ နာရီလောက်က ဖြစ်တာ လူထိခိုက်ဒဏ်ရာရရှိတာတွေက တော့မရှိဘူး၊ ပါတီအဆောက်အဦးကတော့ တော်တော်များများ ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အောက်တိုဘာ ၂၈ ရက်နေ့ နံနက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်မှ NLD ပါတီရုံး ဗုံး ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့ပြီး ယနေ့နံနက်တွင် ထပ်မံ၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်ရှိ NLD ပါတီရုံးဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

 

Photo – credit

 

#PeopleMedia #ပုသိမ်မြို့ #ပုသိမ်မြို့NLDပါတီရုံးဗုံးကွဲ

 

(unicode)

ပုသိမျမွို့ရှိ NLD ပါတီရုံး ဗုံးပေါကျကှဲမှုဖွဈပှားရာ အဆောကျအအုံအခြို့ ထိခိုကျပကြျစီး

…………………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post