• Follow Us on

Home ပုသိမ်မြို့၊ ငဝန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပိတ်ဆို့ရှာဖွေမှုများ ဆက်တိုက်ဆောင်ရွက်နေ

ပုသိမ်မြို့၊ ငဝန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပိတ်ဆို့ရှာဖွေမှုများ ဆက်တိုက်ဆောင်ရွက်နေ

Share this post

ပုသိမ်၊ အောက်တိုဘာ ၄ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငဝန်မြစ်ကြောင်းတစ်လျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် နေ့/ညမပြတ် ပိုက်စိပ်တိုက်ရှာဖွေစစ်ဆေးမှုများ အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း ယင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၃ ရက်နေ့တွင် ခရီးသည်တင်စက်လှေများ၊ ကုန်တင်ရေယာဉ် များအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားသော ကျောက်ငူကူတို့ဆိပ်၊ ဝဲဒေါင့်ကူတို့ဆိပ်နှင့် အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့ပါ ရှာဖွေစစ်ဆေးလျက်ရှိကြောင်း ယင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထား သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 

#PeopleMedia


Share this post