• Follow Us on

Home ပုသိမ်မြို့၌ မီးသတ်ယာဉ် (၁၁) စီး ပေးအပ်ပွဲနှင့် မီးသတ်လေ့ကျင့်ရေးစင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပုသိမ်မြို့၌ မီးသတ်ယာဉ် (၁၁) စီး ပေးအပ်ပွဲနှင့် မီးသတ်လေ့ကျင့်ရေးစင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

Share this post

ပုသိမ်၊ ဇန်နဝါရီ ၁၁ (People Media)

 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဝယ်ယူသော မီးသတ်ယာဉ် (၁၁) စီး လွှဲပြောင်းတာဝန်ပေးအပ်ပွဲနှင့် လေ့ကျင့်ရေးစင်ဖွင့်ပွဲ အခမ်း အနားအား ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မီးသတ်ယာဉ် (၁၁)စီးအား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခြင်း၊ မီးသတ်ယာဉ်များ၏ စက်စွမ်းရည် သရုပ်ပြခြင်း၊ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းတို့အား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၁၇၀) ဦးရှိပြီး၊ ယခုကဲ့သို့ မီးသတ် ယာဉ် (၁၁) စီး ထပ်မံဝယ်ယူဖြည့်တင်းခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ယာဉ် (၁၄၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၉၁) စီး၊ မီးသတ်စက်ယာဉ် (၂၀) စီး၊ မီးသတ်အထောက်အကူပြုယာဉ် (၁၅)စီး၊ စုစုပေါင်း (၂၆၇) စီးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

(unicode)


……………………………………………………….

 


 


 


 


 



Share this post