• Follow Us on

Home ပုသိမ္- မုံရြာကားလမ္းေဘး၌ ေမာင္းသူမဲ့ယာဉ္(၁)စီးႏွင့္အတူ ပိုင္ရွင္မဲ့သစ္မ်ား ဖမ္ဆီးရမိ

ပုသိမ္- မုံရြာကားလမ္းေဘး၌ ေမာင္းသူမဲ့ယာဉ္(၁)စီးႏွင့္အတူ ပိုင္ရွင္မဲ့သစ္မ်ား ဖမ္ဆီးရမိ

Share this post

ပုသိမ္- မုံရြာကားလမ္းေဘး၌ ေမာင္းသူမဲ့ယာဉ္(၁)စီးႏွင့္အတူ ပိုင္ရွင္မဲ့သစ္မ်ား ဖမ္ဆီးရမိခဲ့ပါတယ္။

ျပည္သူပူးေပါင္းပါဝင္မႈျဖင့္ လူထုအေျချပဳေစာင့္ၾကပ္ၾကည့္ရႈ့ သတင္းပို႔စနစ္-CMRS ျဖင့္ သတင္းေပးပို႔ ခ်က္အရ ၃-၂-၂၀၂၀ ရက္ေန႔တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေရၾကည္ၿမိဳ႕နယ္၊ သစ္ေတာဦးစီး ဌာနမွ သစ္ေတာဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတို႔ပါဝင္ေသာ ပူးေပါင္း အဖြဲ႕သည္ ေရၾကည္ၿမိဳ႕နယ္၊ ပန္းပုကြင္းေက်းရြာအုပ္စု၊ ပုသိမ္- မုံရြာကားလမ္းေဘး မိုင္တိုင္အမွတ္ (၃၅/၆)ႏွင့္ (၃၅/၇)ၾကားေနရာတြင္ ယာဉ္အမွတ္၊ 6J/6356 (FUSO၊ ၁၂ ဘီး၊ အစိမ္းေရာင္)ယာဉ္ေပၚမွ တရားမဝင္ ေတာင္သရက္ခြဲသား(၄၆)ေခ်ာင္း (၈.၉၉၆၂)တန္အား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ၿပီး ဆက္စပ္ ပတ္သက္ေသာ တရားခံမ်ားအား စုံစမ္းရွာေဖြေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး စီစဉ္ေဆာင္ရြက္လ်က္ရွိပါသည္။

#peoplemedia

(unicode)
ပုသိမ်- မုံရွာကားလမ်းဘေး၌ မောင်းသူမဲ့ယာဉ်(၁)စီးနှင့်အတူ ပိုင်ရှင်မဲ့သစ်များ ဖမ်ဆီးရမိ
……………………………………………………………………………………..

ပုသိမ်- မုံရွာကားလမ်းဘေး၌ မောင်းသူမဲ့ယာဉ်(၁)စီးနှင့်အတူ ပိုင်ရှင်မဲ့သစ်များ ဖမ်ဆီးရမိခဲ့ပါတယ်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၃-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ ပုသိမ်- မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ် (၃၅/၆)နှင့် (၃၅/၇)ကြားနေရာတွင် ယာဉ်အမှတ်၊ 6J/6356 (FUSO၊ ၁၂ ဘီး၊ အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၄၆)ချောင်း (၈.၉၉၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

#peoplemedia


Share this post