• Follow Us on

Home ပုိမိုကူးစက္ႏိုင္သည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ ကူးစက္မႈပိုမ်ားေန

ပုိမိုကူးစက္ႏိုင္သည့္ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ ကူးစက္မႈပိုမ်ားေန

Share this post

ဟူစတန္၊ စက္တင္ဘာ ၂၄
 
မၾကာေသးမီကနမူနာမ်ားတြင္ ပိုမိုကူးစက္လြယ္သည့္မ်ိဳးကြဲတစ္ခုႀကီးစိုးေနေၾကာင္း ၿမိဳ႕ႀကီးတစ္ၿမိဳ႕မွကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈလႈိင္း ၂ လႈိင္း၏ဖြဲ႔စည္းပံုကိုခြဲျခမ္းစိတ္ျဖာေလ့လာထားသည့္ ပထမဆံုးေလ့လာမႈတစ္ရပ္တြင္ ေတြ႔႐ွိသည္ဟု ဟူစတန္မက္သဒစ္ေဆး႐ံုက ဗုဒၶဟူးေန႔တြင္ေျပာသည္။
 
လူမ်ိဳးစံု ၇ သန္းခန္႔ေနထိုင္သည့္ ဟူစတန္ၿမိဳ႕မွကမာၻ႔ကပ္ေရာအေစာပိုင္းအဆင့္မ်ားတြင္သက္သာခဲ့သည့္ ဗိုင္းရပ္စ္မ်ိဳးဗီဇႏွင့္ မၾကာေသးမီကူးစက္မႈလႈိင္းမွဗီဇ ၅၀၀၀ ေက်ာ္ကိုစစ္ေဆးခဲ့သည္။
 
ဒုတိယလႈိင္းမွမ်ိဳးကြဲအားလံုးနီးပါးတြင္ D614G ဟုသိၾကၿပီး သရဖူပံုဗိုင္းရပ္စ္ေပၚမွအဆူးအေရအတြက္ပိုမ်ားေနသည့္ မ်ိဳးဗီဇေျပာင္းလဲမႈျဖစ္ေနေၾကာင္း ျပင္ပကၽြမ္းက်င္သူမ်ားက သံုးသပ္ျခင္းမျပဳရေသးသည့္ေလ့လာမႈတြင္ ေတြ႔႐ွိခဲ့သည္။
 
အဆူးမ်ားသည္ ဆဲလ္မ်ားႏွင့္ဗိုင္းရပ္စ္၏ပူးကပ္ႏုိင္မႈႏွင့္ကူးစက္ႏိုင္မႈျမင့္တက္ေစၿပီး ဆဲလ္မ်ားကို ဗီဇေျပာင္းဗိုင္းရပ္စ္ကူးစက္ႏိုင္ေစသည့္အရည္အေသြးတိုးတက္ေစသည္။
 
အမ်ိဳးမ်ိဳးေသာမ်ိဳးကြဲမ်ားကူးစက္ခံရသည္႔လူနာမ်ားတြင္ အေစာပိုင္းေရာဂါစစ္ေဆးမႈ၌ ဗိုင္းရပ္စ္ပမာဏပိုမ်ားေနေၾကာင္း ဟူစတန္သုေတသီမ်ားကေျပာသည္။ ဗိုင္းရပ္စ္မ်ိဳးဗီဇေျပာင္းလဲျခင္းေၾကာင့္ ေသဆံုးမႈပိုမိုျဖစ္ေစသည္ဆိုသည့္အေထာက္အထားအနည္းငယ္သာေတြ႔႐ွိခဲ့ၿပီး ဗိုင္းရပ္စ္ေၾကာင့္ျဖစ္လာသည့္ COVID-19 ေရာဂါျပင္းထန္မႈသည္ လူနာ၏လက္႐ွိက်န္းမာေရးအေျခအေနႏွင့္ မ်ိဳးဗီဇတို႔ႏွင့္ သိသိသာသာဆက္စပ္ေနေၾကာင္းေျပာသည္။
 
Ref : More contagious coronavirus strain now dominates: Houston study
 
#PeopleMedia
 
(Unicode)
ပိုမိုကူးစက်နိုင်သည့်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုပိုများနေ
………………………….
 
ဟူစတန်၊ စက်တင်ဘာ ၂၄
 
မကြာသေးမီကနမူနာများတွင် ပိုမိုကူးစက်လွယ်သည့်မျိုးကွဲတစ်ခုကြီးစိုးနေကြောင်း မြို့ကြီးတစ်မြို့မှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်း ၂ လှိုင်း၏ဖွဲ့စည်းပုံကိုခွဲခြမ်းစိတ်ဖြာလေ့လာထားသည့် ပထမဆုံးလေ့လာမှုတစ်ရပ်တွင် တွေ့ရှိသည်ဟု ဟူစတန်မက်သဒစ်ဆေးရုံက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
 
လူမျိုးစုံ ၇ သန်းခန့်နေထိုင်သည့် ဟူစတန်မြို့မှကမ္ဘာ့ကပ်ရောအစောပိုင်းအဆင့်များတွင်သက်သာခဲ့သည့် ဗိုင်းရပ်စ်မျိုးဗီဇနှင့် မကြာသေးမီကူးစက်မှုလှိုင်းမှဗီဇ ၅၀၀၀ ကျော်ကိုစစ်ဆေးခဲ့သည်။
 
ဒုတိယလှိုင်းမှမျိုးကွဲအားလုံးနီးပါးတွင် D614G ဟုသိကြပြီး သရဖူပုံဗိုင်းရပ်စ်ပေါ်မှအဆူးအရေအတွက်ပိုများနေသည့် မျိုးဗီဇပြောင်းလဲမှုဖြစ်နေကြောင်း ပြင်ပကျွမ်းကျင်သူများက သုံးသပ်ခြင်းမပြုရသေးသည့်လေ့လာမှုတွင် တွေ့ရှိခဲ့သည်။
 
အဆူးများသည် ဆဲလ်များနှင့်ဗိုင်းရပ်စ်၏ပူးကပ်နိုင်မှုနှင့်ကူးစက်နိုင်မှုမြင့်တက်စေပြီး ဆဲလ်များကို ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်နိုင်စေသည့်အရည်အသွေးတိုးတက်စေသည်။
 
အမျိုးမျိုးသောမျိုးကွဲများကူးစက်ခံရသည့်လူနာများတွင် အစောပိုင်းရောဂါစစ်ဆေးမှု၌ ဗိုင်းရပ်စ်ပမာဏပိုများနေကြောင်း ဟူစတန်သုတေသီများကပြောသည်။ ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲခြင်းကြောင့် သေဆုံးမှုပိုမိုဖြစ်စေသည်ဆိုသည့်အထောက်အထားအနည်းငယ်သာတွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်လာသည့် COVID-19 ရောဂါပြင်းထန်မှုသည် လူနာ၏လက်ရှိကျန်းမာရေးအခြေအနေနှင့် မျိုးဗီဇတို့နှင့် သိသိသာသာဆက်စပ်နေကြောင်းပြောသည်။
 
Ref : More contagious coronavirus strain now dominates: Houston study
 
#PeopleMedia

Share this post