• Follow Us on

Home ပုလောမြို့နယ် PDF များ ဖမ်းဆီးထားသည့် လူ (၁၃) ဦးအား တပ်မတော်မှ ပြန်လည်ကယ်တင်

ပုလောမြို့နယ် PDF များ ဖမ်းဆီးထားသည့် လူ (၁၃) ဦးအား တပ်မတော်မှ ပြန်လည်ကယ်တင်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် PDF များ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးအား တပ်မတော်မှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

PDF များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာ သားများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လျက်ရှိ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် သတင်းဆက်ရှာဖွေဖော်ထုတ်ခြင်းနှင့် စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူများအား ပြန်လည်တွေ့ရှိရေး လိုအပ်သည့် ရှာဖွကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးခံထားရသူများအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် နိုင်ငံ့ဝန်ထမ်းများ၊ ရိုးသားစွာ နေထိုင် လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံများဖြစ်ကြောင်း သိရှိရပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာလျက်ရှိစဉ်နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီး ခံရချိန်တွင် ရိုက်နှက်မှုများရှိကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့် ပစ္စည်းများအား သိမ်းဆည်း ခံခဲ့ရကာ ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရကြောင်း၊ နေအိမ်အပြင်မှ သော့ခတ်၍ PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရှေ့တွင် ယခင် ဖမ်း ဆီးခံရသူ ၃ ဦးခန့်အား လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကို တွေ့ရှိရပြီး ၎င်းတို့မှာ ပြန်လည် ရောက်ရှိလာခြင်းမရှိကြောင်း သိရှိရပြီး ၎င်းတို့၏ ပြောဆိုချက်များကို သိရကြောင်း ထုတ်ပြန်ထားသည်။

 

အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင် ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူး လွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post