• Follow Us on

Home ပုံမွန္မဟုတ္သည့္မဲစာရင္းတစ္သန္းရွိေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးေျပာၾကား

ပုံမွန္မဟုတ္သည့္မဲစာရင္းတစ္သန္းရွိေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးေျပာၾကား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔က က်င္ပခဲ့သည့္ ေရြးေကာက္ပြဲမွ မဲစာရင္းမ်ားကို ကြန္ပ်ဴတာပညာ ရွင္မ်ားႏွင့္ စစ္ေဆးရာတြင္ တိုင္းေဒသႀကီးႏွစ္ခုမွ ၿမိဳ႕နယ္အနည္းငယ္သာ စစ္ေဆးနိုင္ေသးေသာ္လည္း ပုံမွန္မဟုတ္သည့္ မဲစာရင္း တစ္သန္းေက်ာ္ ထြက္ေပၚလာၿပီျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
 
“ယခင္က စစ္ေဆးခ်ိန္မရခဲ့တဲ့ စာရင္းဇယားမ်ားကို ကြန္ပ်ဴတာပညာရွင္မ်ားနဲ႔ ျပန္လည္စစ္ေဆးလိုက္တဲ့ အခါမွာေတာ့ တိုင္းေဒသႀကီးႏွစ္ခုက လက္တစ္ဆုပ္စာၿမိဳ႕နယ္ေတြပဲ စစ္နိုင္ေသးတယ္။ ပုံမွန္မဟုတ္တဲ့မဲစာရင္း တစ္သန္းေက်ာ္ထြက္လာပါၿပီ” ဟု ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသား ထားသည္။
 
ထို႔ေနာက္တြင္ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ျပည္သူအမ်ားစု၏ ဆႏၵအရျဖစ္ပါက လက္ခံရန္ တင္ျပ ၿပီးျဖစ္ေၾကာင္း၊ ျပည္သူ႔ဆႏၵမဟုတ္ဘဲ တရားမဲ့ရယူထားသည့္ ရလဒ္ျဖစ္ပါက ဆန႔္က်င္ဘက္ အဓိပၸါယ္ ထြက္မည္ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ၎၏ လူမူကြန္ယက္စာမ်က္ႏွာတြင္ ေရးသား ထားသည္။
 
ဆက္လက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးသန္းေဌးက ေရးသားရာတြင္ သက္ေသခံမဲစာရင္းပုံစံမ်ား၊ မဲစာရင္း စာအုပ္မ်ား၊ မဲလက္မွတ္မ်ား မေပ်ာက္မပ်က္ လုံလုံၿခဳံၿခဳံရွိေနရန္ လိုအပ္ေၾကာင္း ေျပာဆိုထားသည္။
 
၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) ၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီ၏ တိုင္ၾကားမႈကိုလည္း ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က လက္ခံထားၿပီးျဖစ္သည္။
 
#PeopleMedia #USDP #UEC
 
(unicode)
ပုံမှန်မဟုတ်သည့်မဲစာရင်းတစ်သန်းရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြား
……………………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်ပခဲ့သည့် ရွေးကောက်ပွဲမှ မဲစာရင်းများကို ကွန်ပျူတာပညာ ရှင်များနှင့် စစ်ဆေးရာတွင် တိုင်းဒေသကြီးနှစ်ခုမှ မြို့နယ်အနည်းငယ်သာ စစ်ဆေးနိုင်သေးသော်လည်း ပုံမှန်မဟုတ်သည့် မဲစာရင်း တစ်သန်းကျော် ထွက်ပေါ်လာပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
 
“ယခင်က စစ်ဆေးချိန်မရခဲ့တဲ့ စာရင်းဇယားများကို ကွန်ပျူတာပညာရှင်များနဲ့ ပြန်လည်စစ်ဆေးလိုက်တဲ့ အခါမှာတော့ တိုင်းဒေသကြီးနှစ်ခုက လက်တစ်ဆုပ်စာမြို့နယ်တွေပဲ စစ်နိုင်သေးတယ်။ ပုံမှန်မဟုတ်တဲ့မဲစာရင်း တစ်သန်းကျော်ထွက်လာပါပြီ” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ထားသည်။
 
ထို့နောက်တွင် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူအများစု၏ ဆန္ဒအရဖြစ်ပါက လက်ခံရန် တင်ပြ ပြီးဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒမဟုတ်ဘဲ တရားမဲ့ရယူထားသည့် ရလဒ်ဖြစ်ပါက ဆန့်ကျင်ဘက် အဓိပ္ပါယ် ထွက်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၎င်း၏ လူမူကွန်ယက်စာမျက်နှာတွင် ရေးသား ထားသည်။
 
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ရေးသားရာတွင် သက်သေခံမဲစာရင်းပုံစံများ၊ မဲစာရင်း စာအုပ်များ၊ မဲလက်မှတ်များ မပျောက်မပျက် လုံလုံခြုံခြုံရှိနေရန် လိုအပ်ကြောင်း ပြောဆိုထားသည်။
 
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားမှုကိုလည်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က လက်ခံထားပြီးဖြစ်သည်။
 
#PeopleMedia #USDP #UEC

Share this post