• Follow Us on

Home ပူတာအိုခရိုင် မဂွေဇ-ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး ကားလမ်း ၆၅ မိုင် ၄ ဖာလုံလမ်းကို ၄ နှစ်နှင့် ၈ လ အကြာတွင် ဖောက်လုပ်ပြီးစီး

ပူတာအိုခရိုင် မဂွေဇ-ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး ကားလမ်း ၆၅ မိုင် ၄ ဖာလုံလမ်းကို ၄ နှစ်နှင့် ၈ လ အကြာတွင် ဖောက်လုပ်ပြီးစီး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မဂွေဇ-ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး ကားလမ်း ၄ နှစ်နှင့် ၈ လ အကြာ တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက်ရရှိပြီး နောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှ အရာရှိစစ်သည် များ၊ ဌာနေပြည်သူ့စစ်များပူးပေါင်း၍ Feasibility Survey ဆောင်ရွက်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ၆၅ မိုင် ၄ ဖာလုံလမ်းကို အပိုင်းလေးပိုင်းခွဲ၍ ၂၀၁၆ ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းလမ်းစီမံကိန်းဖောက်လုပ်ရာတွင် ရာသီဥတုနှင့် မြေအနေအထားများ၏ အခက်အခဲများကြောင့် တစ်ရက် လျှင် ပေ ၂၀ ခန့်သာဖောက်လုပ်နိုင်ခဲ့ပြီး ကျောက်တောင်များကို ခက်ခက်ခဲခဲဖြတ်သန်းဖောက်လုပ်နေစဉ် ကာလအတွင်း နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လုပ်ငန်းခွင်သို့ရောက်ရှိ စစ်ဆေးလမ်း ညွှန်ချက်ကြောင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် အပေါ့စားယန္တရားများကို ခေါင်လန်ဖူးသို့ပို့ဆောင်၍ ခေါင် လန်ဖူးမှ မဂွေဇဘက်သို့ တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

 

ထို့အပြင် ဆီဆုံမှ ခေါင်လန်ဖူးအထိ ၁၉ မိုင် ၄ ဖာလုံကို နောက်ဆုံးပိုင်း အပိုင်း ၄ အဖြစ်ဆောင်ရွက်လျက်ရှိရာ ၃၄ ပေအကျယ် မြေလမ်း ၁၂ မိုင်၊ ၁၃ ပေအကျယ် တစ်ကြောင်းထိုးမြေလမ်း ၇ မိုင် ၄ ဖာလုံ၊ တံတားကြီးနှစ် စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မဂွေဇမှ ခေါင်လန်ဖူးအထိ ၆၅ မိုင် ၄ ဖာလုံရှည်လျား  သည့်အဆိုပါလမ်းသည် စတင်ဖောက်လုပ်ချိန်မှ ၄ နှစ်နှင့် ၈ လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ တွင် ခေါင်လန်ဖူးမြို့သို့ ဖောက်လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

 

ဆက်လက်ပြီး ဆောင်ရွက်ရန်လိုအပ်သည့် တစ်ကြောင်းထိုးမြေသားလမ်း ၇ မိုင် ၄ ဖာလုံကို လမ်းတာချဲ့ခြင်း၊ တံတားများ၊ Box Culvert များ၊ မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများကို လာမည့်ပွင့်လင်းရာသီတွင်လည်း ကောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နှစ်အလိုက် ရန်ပုံငွေ လျာထား၍လည်းကောင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။

 

အလားတူ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ၏မြောက်ဖျားပိုင်းတွင်တည်ရှိပြီး ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင်ခက်ခဲကြမ်းတမ်းသော မြင့်မားမတ်စောက်သည့် တောင်ပေါ်ဒေသ၊ ကျောက် တောင်၊ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများသည့်ဒေသဖြစ်သည်။ ရေခဲတောင်နှင့် ဆီးနှင်း များကြောင့် စိုက်ပျိုးမြေနည်းပါးခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် နှစ်စဉ်စားနပ်ရိက္ခာရှားပါးပြတ်လပ်မှု များ ကြုံတွေ့ရလေ့ရှိသည့် ဒေသဖြစ်သည်။

 

#PeopleMedia #ခေါင်လန်ဖူး #လမ်းစီမံကိန်း #နယ်စပ်ရေးရာဝန်ကြီးဌာန

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 



Share this post